မူးယစ်ဆေးဝါး တိုက်ဖျက်ရန် ပျက်ကွက်သည့်စာရင်းတွင် မြန်မာပါဝင်

အမေရိကန်က သတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ပျက်ကွက်နေသေးတဲ့ နာမည်ပျက် နိုင်ငံစာရင်းထဲမှာ မြန်မာ၊ ဗင်နီဇွဲလားနဲ့ ဘိုလီးဗီးယားနိုင်ငံတို့ကို ဆက်လက် ထည့်သွင်းထားကြောင်း အမေရိကန် အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။
2012-09-15
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ကတည်းက မူးယစ်ဆေးဝါး နာမည်ပျက် နိုင်ငံစာရင်းမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်ထဲမှာ တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေကို ထူးထူးခြားခြား ရှေ့တိုးလုပ်ဆောင် လာတာကို မိမိတို့ အစိုးရက သတိပြုမိကြောင်း သမ္မတ အိုဘားမားက မှတ်ချက်ပေး ပြောဆိုပါတယ်။

မြန်မာနိုင်ငံကို အခုထက်ထိ နာမည်ပျက် နိုင်ငံစာရင်းက မဖယ်ရှားသေးတာဟာ လက်တွေ့မှာ မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါးတွေ ဆက်လက်ထွက်ရှိနေတာကြောင့် ဖြစ်တယ်လို့ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်အဖွဲ့က ဦးခွန်ဆိုင်းက RFA ကို ပြောပါတယ်။

"ပြီးခဲ့ ၂ နှစ်ကဆိုရင် အများကြီးမကောင်းဘူး။ သို့သော်လည်းပဲ ၂၀၁၁-၂၀၁၂ ရာသီက အများကြီးကောင်းလာတယ်။ ဒီရာသီဥတုက ကောင်းတဲ့အတွက်ကြောင့်မို့လို့ ဘိန်းအထွက်လည်း တိုးလာတယ်"

မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို တာဝန်ရှိတာနဲ့အညီ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေမယ့် ဘိန်းခင်းတွေ ပပျောက်ရေးအတွက် ကတိပြုဆောင်ရွက်တာတွေကို အားတက်ဖွယ် မြင်တွေ့ရကြောင်း၊ ဘိန်းစိုက်ခင်းတွေကို မနှစ်ကထက် ၃ ဆတိုးပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒါ့အပြင် တိုးတက် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတာလည်း မြင်ရကြောင်း သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းဖြူအပါဝင် လက်ရှိ မူးယစ်ဆေးဝါး ထုတ်လုပ်နေတဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

တင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

၂၀၁၂-ခုနှစ် မိုးနှောင်းရာသီဘိန်းစိုက်ပျိုးမှု ယခင်နှစ်ထက် ပိုများနေတာကိုတွေ့ပါတယ်၊ လက်ရှိ ကျွန်တော်မြင်တွေ့နေ့ရတဲ့ရှမ်းပြည်မှာပေါ့၊ လာပြီး လေ့လာစေချင်တယ်

Sep 19, 2012 02:44 AM

အမည်မဖော်လိုသူ

အိုဘားမားကိုလာကြည့်စေခြင်ပါတယ်

Sep 16, 2012 03:16 AM