လေးပွင့်ဆိုင် သဘောတူညီချက် လက်မခံဖို့ ပညာရေးဝန်ကြီးဌာန သဘောထား လျှို့ဝှက်ဖြန့်ဝေ


2015.02.26
four-talks-305.jpg အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အဦးမှာ ကျင်းပစဉ်။
Photo: Wai Yan Moe Myint/ RFA

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း ဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုထိပါးပြီး ပညာရေး ဌာနမှာ ကွန်မြူနစ်ဝါဒ အခြေပြုခြင်းဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ သဘောထားကို တက္ကသိုလ် အသီးသီးက ပါမောက္ခချုပ်တွေနဲ့ ဒုတိယပါမောက္ခ ချုပ်တွေထံကို လွန်ခဲ့တဲ့တစ်ပတ်ကျော်က လျှို့ဝှက်ဖြန့် ခဲ့တယ်လို့ တက္ကသိုလ်ဆရာ ဆရာမများအဖွဲ့ချုပ် က ပြောဆိုပါတယ်။

စာမျက်နှာ ၄၂ မျက်နှာပါ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်တဲ့ဥပဒေကြမ်းအပေါ် ပညာရေးဝန်ကြီး ဌာနရဲ့ သဘောထားဆိုတဲ့စာအုပ်ကို ဖြန့်ဝေပြီးနောက် ဥပဒေကြမ်းအပေါ် ကန့်ကွက်မှုတွေပေါ်ပေါက် လာအောင်ဆောင်ရွက်ဖို့ ညွန်ကြားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှုူး ဒေါက်တာ အာကာမိုးသူ က ပြောပါတယ်။

ဖြန့်ဝေတဲ့စာအုပ်မှာ လေးပွင့်ဆိုင်သဘောတူညီချက်ဟာ ကျောင်းသားတွေက အကြပ်ကိုင်တောင်းဆိုတဲ့အတွက် လိုက်လျောလိုက်ရတယ်လို့ ရေးသားထားသလို ထုတ်ပြန်ထားတဲ့ ပြင်ဆင်ချက်ဥပဒေကြမ်းပေါ် သုံးသပ်ချက်အနှစ်ချုပ် ၁၀ ချက်ကို ဖေါ်ပြထားပါတယ်။

အနှစ်ချုပ် ၁၀ ချက်မှာ ဥပဒေကြမ်းဟာ မူလပညာရေးဥပဒေရဲ့ အနှစ်သာရကို ဖျက်စီးလိုက်တဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ချိုးဖောက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဥပဒေကို အခြေပြုပြီး အစိုးရရဲ့အုပ်ချုပ်ရေးယန္တယားကို ဖျက်စီးကြောင်း၊ ကွန်မြူနစ်ဝါဒကို ကျောင်းသားသမဂ္ဂများကတဆင့် တရားဝင်ရပ်တည်နိုင်အောင် ကြိုးပမ်းတာဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံဖြိုးတိုးတက်မူကို ထိခိုက်နိုင်တယ် စသဖြင့် ဖေါ်ပြထားတယ်လို့ဆိုပါတယ်။

အစိုးရပညာရေးဌာနက လျျှို့ဝှက်ဖြန့်ဝေထားတဲ့ ထုတ်ပြန်ချက်ကို လက်ဝယ်ရရှိထားတဲ့ ဒဂုံတက္ကသိုလ် မနုဿဗေဒဌာနက ဆရာ ဦးလှမျိုးကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။