ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပမယ်

2011-12-06

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ကြီးမှူးကျင်းပမယ့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော်အကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ရပ် ဒီကနေ့ မနက် ၁၀ နာရီက Sakura tower အပေါ်ထပ် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာမှာ ပရိသတ် တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။

RFA

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်း ယုဒသန်ရိပ်သာတွင် ကျင်းပသည့် ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေစဉ်။

ဒီအခမ်းအနားမှာ ဆရာဦးဝင်းတင်က အမှာစကား ပြောကြားပြီး အခမ်းအနား စီစဉ်သူ ဦးဇော်ဝင်း၊ အဆိုတော် ဆောင်းဦးလှိုင်တို့ကလည်း ဂီတပွဲတော် ဖြစ်မြောက်လာပုံကို ရှင်းလင်းပြောကြားကြပါတယ်။

ဦးဇော်ဝင်းက ပြောကြားရာမှာ နိုဝင်ဘာ ၂၅ ရက်က တေးဂီတပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်က တိုင်းပြုပြည်ပြု ဇာတိသွေးဇာတိမာန် တက်ကြွစေမယ့် တေးသီချင်းတွေ၊ လူငယ်တွေ တိုင်းကျိုးပြည်ကျိုး ဆောင်ချင်စိတ် နိုးကြွစေမယ့် တေးသီချင်းတွေ ပြုစုထုတ်လုပ်ဖို့ ပြောကြားခဲ့ကြောင်း၊ ဒါပေမယ့် စာနယ်ဇင်းတချို့က ရွေးကောက်ပွဲ အောင်နိုင်ရေး တေးသီချင်းခွေ ထုတ်လုပ်ဖို့ တွေ့ဆုံတာလို့ မှားယွင်း ဖော်ပြခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်ကို သဘောတူ ထောက်ခံတဲ့အတွက် အခုလို ဂီတဖျော်ဖြေပွဲ ဖြစ်မြောက်လာကြောင်း ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ဒီဇင်ဘာ ၁၅ ရက် ညနေ သုံးနာရီက ည ဆယ်နာရီအထိ ကျင်းပမှာဖြစ်ကြောင်း၊ နာမည်ကြီး အဆိုတော်တွေ တေးဂီတပညာရှင်ပေါင်းများစွာ ပါမှာဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပြပါတယ်။

ဒီဂီတပွဲတော်မှာ Emperor , Lazy Club , spectrum စတဲ့ ဂီတအဖွဲ့တွေ ပါဝင်တီးခတ်ကြမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာ အောင်အောင်မြင်မြင် ကျင်းပပြီးစီးရင် မန္တလေးမြို့မှာလည်း အလားတူပွဲမျိုး ကျင်းပဖို့ရှိတယ်လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းက ပြောပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဖျာပုံ လွတ်လပ်ရေးနေ့ ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ရောင်းချခွင့်ပိတ်

‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲကျင်းပ

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင်

ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

“ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း” ထူထောင်မည်

နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စိစစ်နေ ဒေါ်အောင်ဆန်းစုကြည် ပြော

ရွှေညဝါဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှား

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးလာအောင် တိုက်တွန်းဖို့ လူထုကို ဦးဝင်းတင် နှိုးဆော်

နိုဘယ်လ်ဆု ချီးမြှင့်ခံရခြင်း နှစ်၂၀ ပြည့် ဂုဏ်ပြုပွဲ ကျင်းပဖို့ စီစဉ်

ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ