အကြမ်းမဖက် အမျိုးသား လှုပ်ရှားသူ လူငယ်အဖွဲ့ ပညာရေး ဒါနပြုလုပ်

2011-06-06

၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသား လှုပ်ရှားသူ လူငယ်တွေရဲ့  လူမှု ပညာရေး အထောက်အကူပြု အစီအစဉ် တရပ်အနေနဲ့  ရွှေပြည်သာ ပညာဒါနကျောင်းမှာ ပညာသင်နေကြတဲ့  ကျောင်းသား လူငယ်တွေ အတွက် ဗလာစာအုပ် လှူဒါန်းတဲ့ အခမ်းအနားကို မနေ့ က မနက်က အဲဒီ ရွှေပြည်သာ ပညာဒါနကျောင်းမှာ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

(Photo: AFP)

ကုလသမဂ္ဂ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဖြစ်သည့် စက်တင်ဘာ ၈ ရက်က ဘုန်းကြီးကျောင်းတခုမှ စာသင်ခန်းတွင် သင်ကြားနေသော ဆရာမနှင့် ပညာသင်ယူနေသော ကျောင်းသားများကို ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီအစီအစဉ် ကို ရွှေပြည်သာမြို့ နယ် စည်းအဖွဲ့ ဝင် ဦးသိန်းအောင် တာဝန်ယူပြီး အစီအစဉ်မှာ ဦးဆောင် ပါဝင်တဲ့  ကိုလူမော်လတ်က အခုလိုပြောပါတယ်။

"ရွှေပြည်သာ ပညာဒါနမှာ ကလေး အယောက် ၅၀ ကျော်ရှိပါတယ်။ ကျောင်းကို ဦးဆောင်တဲ့ ဆရာမကြီး ဒေါ်ငြိမ်းတင်က မူလတန်း ကလေးတွေကို ဖိဖိစီးစီးနဲ့ စာသင်ပေးတယ်။

ကျောင်းနေအရွယ် ကလေးတွေကိုတော့ သူကျောင်းအားတဲ့ ရက်မှာ သူခေါ်ပြီး စာသင်ပေးတယ်။ ကျောင်းနေအရွယ် ကလေးတွေကို ကျတော်တို့ ဗလာစာအုပ် ၂၅ ဒါဇင် လှူတယ်။ မူလတန်း ကလေးတွေကျတော့ စုစုပေါင်း ဒါဇင် ၂၀ ပေါ့။ နောက်ပြီး ဒီဆရာမကြီးကျောင်းမှာ လိုအပ်တဲ့ မီးချောင်းတို့၊ ဘာတို့ စသဖြင့် လိုအပ်တာလေးတွေ ပြင်ဆင်ဖို့အတွက်ကို ၂ သောင်း လှူပေးခဲ့တယ်။

ဒီပညာဒါန အတွက်ကို ကျတော်တို့ ပထမ သပ်မှတ်ထားတာ တယောက်ကို ၅ သောင်း၊ နောက် ဖမ်းဆီးခဲ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ အရမ်းဆင်းရဲပြီး အတိဒုက္ခရောက်သူတွေအတွက် ၅ သောင်း သတ်မှတ်ပေမဲ့ ကျောင်းက တော်တော် ချို့တဲ့ပြီး မပြည့်မစုံ ဖြစ်နေတဲ့အတွက် ကျတော်တို့က တသိန်းဖိုးဆိုပြီးတော့ လှူလိုက်တာပါ။"

လှုဒါန်းမှု အစီအစဉ်ကို မနေ့ က နေ့ လည် ၁ နာရီကနေ ၃ နာရီအထိ ကျင်းပခဲ့ ရာမှာ ရွှေပြည်သာမြို့ နယ် စည်းအဖွဲ့ ဝင်တွေ ၊ ၈၈ အရေးအခင်းမှာ ကျဆုံးသွားတဲ့  ကျောင်းသူ မ၀င်းမော်ဦး ရဲ့ မိဘ ၂ ပါးနဲ့  အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့ ဝင်တွေ တက်ရောက်ခဲ့ ကြပါတယ်။

၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသား လှုပ်ရှားမှု လူငယ်အဖွဲ့ ဟာ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ ကို အကူအညီ ပေးနေပြီး ဆင်းရဲတဲ့ မိသားစုဝင် ကလေးတွေ အတွက် ပညာဒါနကျောင်းတွေမှာ တတ်နိုင်သမျှ အထောက် အကူပေးနေပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကချင်ဒုက္ခသည်တွေအတွက် အကူအညီများ ထပ်ပေး

၈၈ ကျောင်းသားများ အဖွဲ့ ဟိုပုံးမှာ ပညာရေးဆိုင်ရာ ဟောပြော

ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေးဒုက္ခသည်တွေကို ထပ်လှူ

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် အရှင်ဆန္ဒာဓိကနှင့် ဆက်သွယ်မေးမြန်းချက်

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် လှူဒါန်းပွဲများကျင်းပ

မြန်မာလူငယ်တွေနဲ့ ပြည်ပပညာသင်ဆု

တိုင်းပြည်တိုးတက်ရေး စုပေါင်းကြိုးပမ်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ပညာရေး ရန်ပုံငွေ ဂီတပွဲတော် ဒီဇင်ဘာလ ၃ဝ မှာ ကျင်းပမယ်

NLD ရန်ပုံငွေဂီတပွဲ ကျင်းပခွင့်မရ

ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်းပွဲတော် ဒေါ်အောင်ဆန်းစုကြည် ဖွင့်