ရွေးကောက်ပွဲမှာ မသမာမှုတွေ့ရင် အရေးယူမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ကတိပြု

2012-02-14

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မတရားမှုတွေ မသမာမှုတွေ တွေ့ရှိရလို့ အချက်အလက် တိတိကျကျ ပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားလာရင် အရေးယူပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို မနေ့က ပြောကြားလိုက်ပါတယ်။

လစ်လပ်နေရာ ၄၈ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၁၇ ခုက ပါတီ ကိုယ်စားလှယ်တွေကို နေပြည်တော်ကို ခေါ်ယူတွေ့ဆုံရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အဲဒီလို ပြောကြားကြောင်း မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကောင်း​မြင့်​ထွဋ်က ပြန်ပြောပြပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ အများအပြား တွေ့ကြုံခဲ့ရကြောင်း ဒီမိုကရေစီပါတီတွေရဲ့ ဝေဖန်တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌက ပြန်လည် ဖြေကြားသွားတယ်လို့လည်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ရန်ကုန်အခြေစိုက် မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်နဲ့ ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း

ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းရက် ပြောင်းလဲ

ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ