ရွေးကောက်ပွဲမှာ မသမာမှုတွေ့ရင် အရေးယူမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ကတိပြု

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မတရားမှုတွေ မသမာမှုတွေ တွေ့ရှိရလို့ အချက်အလက် တိတိကျကျ ပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားလာရင် အရေးယူပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို မနေ့က ပြောကြားလိုက်ပါတယ်။

လစ်လပ်နေရာ ၄၈ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၁၇ ခုက ပါတီ ကိုယ်စားလှယ်တွေကို နေပြည်တော်ကို ခေါ်ယူတွေ့ဆုံရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အဲဒီလို ပြောကြားကြောင်း မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကောင်းမြင့်ထွဋ်က ပြန်ပြောပြပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ အများအပြား တွေ့ကြုံခဲ့ရကြောင်း ဒီမိုကရေစီပါတီတွေရဲ့ ဝေဖန်တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌက ပြန်လည် ဖြေကြားသွားတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ရန်ကုန်အခြေစိုက် မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်နဲ့ ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

0:00 / 0:00