နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ RFA အသံလွှင့်ဌာနတို့ ဒီကနေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံရာမှာ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကိုက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
"သက်သေခံ ခိုင်လုံလို့ရှိရင် ရွေးကောက်ပွဲ ဥပဒေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲလက်မှတ်မှ မဟုတ်ဘူး။ ကျန်တဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းတွေကို ဖျက်ဆီးခြင်း၊ ဖတ်မရအောင်ပြုခြင်း၊ တစုံတရာပြုခြင်းဆိုရင် ရွေးကောက်ပွဲ ပြစ်မှုမြောက်ပါတယ်။ ဘယ်သူကဆောင်ရွက်လို့ အဖြစ်မှန်ဟုတ်တယ်ဆိုတဲ့ တရားခံ ပေါ်ပေါက်တယ် ဆိုလိ့ိုရှိရင် ဒါဟာရွေးကောက်ပွဲ ပြစ်မှုအရ အနည်းဆုံး ထောင်တစ်နှစ်ကျနိုင်တဲ့ ပြစ်မှုတွေဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေအရ မည်သူမဆိုလို့ ဆိုတဲ့အတွက် ရွေးကောက်ပွဲ အဖွဲ့ခွဲကသော်လည်းကောင်း၊ မဲရုံအဖွဲ့ကသော်လည်းကောင်း၊ တခြား အများပြည်သူတွေထဲက သော်လည်းကောင်း၊ ပါတီဝင်တွေ တစ်ဦးဦးကသော်လည်းကောင်း မည်သူတွေ ကျူးလွန် ကျူးလွန် ဒါဟာပြစ်မှုမြောက်ပါတယ်"
မဲပြားမှာ ဖယောင်းသုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေ အထောက်အထား အခိုင်အလုံနဲ့ ကော်မရှင်ကို တရားဝင် တိုင်တန်း တင်ပြလာတာမျိုး မရှိသေးဘူးလို့လည်း ဦးဝင်းကိုက ပြောပါတယ်။
ဦးဝင်းကိုနဲ့ ကိုကျော်ကျော်အောင် သီးသန့် တွေ့ဆုံမေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။