ရွေးကောက်ပွဲမဲဆွယ်ကာလ တိုးမြင့်ရေး ရွေးကောက် ပွဲကော်မရှင် စဉ်းစားမည်

0:00 / 0:00

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၃၀ ကို ရက်ပေါင်း ၆၀လို့ ပြောင်းလဲသတ်မှတ်ပေး ဖို့ နိုင်ငံရေးပါတီတွေက တင်ပြတဲ့အပေါ် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြန် လည်စဉ်းစားပေးမယ်လို့ ဒီနေ့ ပြောကြားခဲ့ကြောင်း နိုင် ငံရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးမှာ ဒီနေ့ နိုင်ငံရေးပါတီ ၆ ပါတီက တာဝန်ရှိသူတွေ နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး တွေ့ဆုံရာမှာ ပြောကြားခဲ့ တာဖြစ်ကြောင်း တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

"အခြားတိုင်းရင်းသားပါတီတွေက တင်ပြထားတာရှိပါတယ်၊ အဲဒါကို သူတို့ပြန်ပြီးတော့ စဉ်းစားမယ် ၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလက နိုင်ငံတကာမှာဆို ဒီလောက်နဲ့ လုံလောက်တယ်၊ မြန်မာနိုင်ငံမှာဆို နယ်တွေမှာသွားရေးလာရေးခက်ခဲတယ်၊ ဒါတွေကိုတင်ပြတော့ ပြန်စဉ်းစားမယ်လို့ပြောပါတယ်"

လာမယ့်ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးသွားမှာဖြစ်ကြောင်း နဲ့ နိုင်ငံတကာနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ဖို့ ခွင့်ပြုပေးသွားမယ်လို့ ဦးတင်အေးက ပြောကြောင်းလည်း သိရပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ မွန်အမျိုးသားပါတီ၊ ဝအမျိုးသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ကမန်အမျိုးသားတိုးတက်ရေးပါတီ စတဲ့ ပါတီ ၆ ခုက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန် ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။