၂၀၁၅ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဧပြီလ ၂၆ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းကိစ္စတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပါတီတွေရဲ့ ဘဏ္ဍာရေးအခြေအနေတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
အခုလို တွေ့ဆုံရာမှာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေအပြင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ကိုပါ ဆွေးနွေးပွဲ တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။
နိုင်ငံရေးပါတီတွေအပြင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ လူမှုရေးအဖွဲ့တွေကိုလည်း ဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
