ရွေးကောက်ပွဲ ညှိနှိုင်းဖြေရှင်းရေးကော်မတီတွေ ဖွဲ့ရေး ကော်မရှင်ညွှန်ကြား

0:00 / 0:00

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် "ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေး ကော် မတီ" တွေကို ဖွဲ့စည်းကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားလိုက်ပါတယ်။

အဲဒီ့ရွေးကောက်ပွဲွဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးကော်မတီမှာ ကော်မရှင်က အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံ ကိုယ်စားလှယ်တွေက အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျနော်တို့ တိုင်းဒေသကြီး တာဝန်ခံပါပါတယ်၊ အဲ့ဒါ ဥက္ကဌပါ၊ ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက ဒုဥက္ကဌပါ၊ နောက်တိုင်းဒေသကြီးနဲ့ ပြည်နယ်ထဲမှာရှိတဲ့ ရွေးကောက် ပွဲဝင်ရောက်တဲ့ ပါတီတွေကနေပြီးတော့မှ ကိုယ်စားလှယ်တစ်ဦးစီက အဖွဲ့ဝင်ပါပါတယ်၊ တိုင်းဒေသကြီးမှာရှိတဲ့ သြဇာတိက္ကမရှိတဲ့ အများဆုံးငါးဦးကတော့ အဖွဲ့ဝင်ပါပါတယ်"

အဲဒီကော်မတီတွေဟာ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲ နောက်ပိုင်း ကာလတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးပါတီအချင်းချင်း အငြင်းပွားမှုတွေနဲ့ မဲစာရင်းပြဿနာတွေကို ဖြေရှင်း ရမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကော်မတီတွေကို မြို့နယ်၊ ခရိုင်နဲ့ တိုင်းဒေသကြီး ပြည်နယ်အဆင့်အဖြစ် ၃ ခုစီ ဖွဲ့စည်းမှာဖြစ်ပါတယ်။

အဲဒီ့လိုဖွဲ့စည်းမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။