လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲ ပြော

အခုကျင်းပ ပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲ ဦးဌေးဦးက ပြောဆိုပါတယ်။

ဒါ့အပြင် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ NLD ပါတီက ပြောနေသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စဟာ လွှတ်တော်ကိုယ်စားလှယ် အများစုက သဘောတူမယ်ဆိုရင် ပြင်ဆင်နိုင်မှာဖြစ်ကြောင်း၊ လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း ထည့်သွင်းထားတဲ့ အချက်ဟာ အမျိုးသားညီလာခံမှာ အများစုက လက်ခံခဲ့လို့ ပေါ်ပေါက်လာတဲ့ အချက်ဖြစ်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ ကြားဖြတ် ရွေးကောက်ပွဲအတွင်း နေရာအားလုံးနီးပါး ရှုံးနိမ့်ခဲ့ရပါတယ်။

NLD ပါဝင်လာမယ့် လွှတ်တော်တွင်း အခြေအနေ၊ ရွေးကောက်ပွဲပေါ် အမြင်တွေနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို RFA က ဆက်သွယ် မေမြန်းထားပါတယ်။

0:00 / 0:00