ရွေးကောက်ပွဲပြီးတော့ ချေးငွေပြန်တောင်း

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၅၅ ရပ်ကွက်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပေးထားတဲ့ ချေးငွေတွေကို ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားတဲ့ နောက်ပိုင်းမှာ ပြန်တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ထောင်စု ၂၆၀ ကို တစ်အိမ်ထောင် ကျပ်သုံးသောင်းနှုန်း ထုတ်ချေးထားပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရသွားပြီးတဲ့နောက် အရစ်ကျချေးငွေလည်း ထပ်မပေးတော့ဘဲ ပထမ ချေးထားတဲ့ငွေကိုလည်း ဒီလ ၂၂ ရက်နေ့က စပြီး ပြန်တောင်းနေတာလို့ တောင်ဒဂုံမြို့နယ်က ဦးမျိုးမင်းထွန်းက ပြောပါတယ်။

ငွေတစ်သောင်းကို ငွေ နှစ်ရာတိုးနဲ့ ထုတ်ချေးတာ ဖြစ်ပြီး ရရှိတဲ့ အတိုးတွေကို နောက်အရစ်တွေမှာ ချေးငွေ ထပ်ထုတ်ပေးမယ်လို့ ပြောထားပေမဲ့ NLD နဲ့ ပတ်သက်တဲ့ လူတွေကို ချေးငွေ ထပ်မပေးတော့ဘဲ သူတို့နဲ့ နီးစပ်သူတွေကိုပဲ ထပ်ချေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။