ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် လားရှိုး၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ ကွမ်းလုံ ငါးမြို့နယ်က မဲစာရင်းပေါင်းအရ ကျားဖြူပါတီ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ဦးစိုင်းစံမင်းက NLD ပါတီအား ၁၅၂၆ မဲအသာဖြင့် အနိုင်ရရှိသွားပြီလို့ ဆိုပါတယ်။
ကျားဖြူပါတီရဲ့ မဲရရှိမှုမှာ ၄၇၂၂၆ မဲဖြစ်ပြီး NLD ပါတီမှာ ၄၅၇၀၀ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၄၅၂၉၆ မဲ၊ ကိုးကန့်ပါတီက ၁၇၈၇၄ မဲ၊ လားဟူပါတီက ၆၃၀၆ မဲ အသီးသီး ရရှိခဲ့ကြတယ်လို့ သိရပါတယ်။