မဲပေးခွင့်ရှိသူ သဘောထား ကောက်ယူ

မနေ့က ရန်ကုန်မြို့မှာရှိတဲ့ Community Response Group အဖွဲ့ရဲ့ စာရင်းကောက်ခံချက် တစ်ရပ်မှာ မဲပေးခွင့်ရှိသူ ၆၀ ရာခိုင်နှုန်းလောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ကို ကြိုက်နှစ်သက်တယ်လို့ သဘောထား ပေးခဲ့ကြကြောင်း ဖော်ပြပါတယ်။

မဲပေးခွင့်ရှိသူ ၃၆၂ ဦးကို သဘောထား ကောက်ယူခဲ့ရာမှာ ၇၀ ရာခိုင်နှုန်းက သူတို့ ကြိုက်နှစ်သက်တဲ့ ပါတီရဲ့ မူဝါဒတွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ကောင်းကောင်းသိရှိတယ်လို့ ဆိုပါတယ်။

သဘောထားပေးရာမှာ ပါဝင်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား လူငယ်တွေ ဖြစ်ကြပါတယ်။

သဘောထားပေးသူ ၈၅ ရာခိုင်နှုန်းက သူတို့ အနေနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားပြီး မဲပေးဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

၆၀ ရာခိုင်နှုန်းက NLD ကို မဲပေးမယ်လို့ဆိုပြီး ၃၁ ရာခိုင်နှုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲပေးမယ်လို့ ဆိုပါတယ်။

စစ်တမ်းအရ ပညာအရည်အချင်း မြင့်မားလေလေ မဲပေးဖို့ အသင့်ဖြစ်နေလေလေလို့ တွေ့ရှိရပါတယ်။