ဒုဗိုလ်ချုပ်ကြီးဟောင်း တင်အေးကို ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ အဖြစ် အဆိုတင်

ကြံခိုင်ဖွင့်ဖြိုးရေးအမတ် အဖြစ်ကနေ မနေ့က နှုတ်ထွက်သွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တင်အေးကို သမတ ဦးသိန်းစိန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မစ်ရှင် ဥက္ကဌ အဖြစ်ခန့်အပ်ဖို့ဒီကနေ့ အမည် စာရင်း တင်သွင်းလိုက်ပါတယ်။

မနက်ဖြန်မှာ အတည်ပြုမှာဖြစ်ကြောင်း သိရပါတယ်။ လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးတာနဲ့ပတ်သက်ပီး NDF ကိုယ်စားလှယ် ဦးစိုးဝင်း အခုလို အတည်ပြု ပြောဆိုပါတယ်။ "ရွေးကောက်ပွဲ ကော်မစ်ရှင် ဥက္ကဌ အဖြစ် အဆိုတင်သွင်းပါတယ်။ ဦးတင်အေးပေါ့။ သူ့ပညာ အရည်အချင်းကတော့ BADSC ပေါ့ဗျာ။ အသက်က ၆၅ နှစ်ဆိုပြီးတော့ ဒါကို တင်ပေးတာပဲ ရှိပါတယ်။ ကန့်ကွက်ချင်တယ်ဆိုရင် ဒီကနေ့ ကန့်ကွက်ဖို့ပေါ့ဗျာ။" လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဦးသိန်းစိုးဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲ တာဝန် ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နေရာမှာ ဦးတင်အေးကို ခန့်အပ်တာ ဖြစ်တယ်လို့ နေပြည်တော်ရှိ လွတ်တော် အသိုင်းအဝိုင်းက ပြောဆိုပါတယ်။ ဒီကနေ့လွှတ်တော်မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အမည်တင်သွင်းတဲ့ ကိစ္စတစ်ခုသာ ဆွေးနွေးခဲ့ပြီး ကျင်းပချိန်ဟာ ၁၅ မီနစ်လောက်ပဲ ကြာမြင့်ပါတယ်။ မနက်ဖြန် မနက် ၁၁ နာရီမှာ လွှတ်တော် ပြန်လည် ကျင်းပဖို့ ခေါ်ယူထားကြောင်း သိရပါတယ်။