ရွေးကောက်ပွဲကော်မရှင်က NLD နှင့် ပါတီကြီး ၄ ခုကို ပယ်ဖျက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေသစ်အရ နိုင်ငံရေးပါတီ အဖြစ် ပြန်လည်မှတ်ပုံတင် သက်တမ်း မတိုးခဲ့တဲ့အတွက် ပယ်ဖျက်ကြောင်း စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင် အသစ်က စက်တင်ဘာ ၁၄ ရက် ဒီကနေ့ညနေ ၆ နာရီက ကြေညာလိုက်ပါတယ်။

0:00 / 0:00

ဒီအထဲမှာ NLD အပါအဝင် ပြည်ထောင်စု ပအိုးဝ်အမျိုးသားပါတီ (UPNO)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဝ အမျိုးသား တိုးတက်ရေးပါတီတို့ ဖြစ်ပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး သဘောထားနဲ့ တုံ့ပြန်ချက်သိဖို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို RFA မှ ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်