ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အမြင်လွဲအောင် စစ်အစိုးရ ဗိုလ်ချုပ်ကြီးတွေဟာ စစ်တပ်အတွင်းမှာ ဗိုလ်မှူးကြီးအဆင့်အထက် အရာရှိတွေကို မှိုင်းတိုက် ထားတယ်လို့လည်းပြောပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာပြီးတဲ့အခါ အမျိုးသားးဒီမိုကရေစီအဖွဲ့ ချုပ် ပြန်လည်တည်ဆောက်ရေး နဲ့စစ်တပ်အတွင်းက အလယ်အလတ် အရာရှိတွေကို စည်းရုံးရေးကို လုပ်ဆောင်သွားမယ်လို ့ဒေါက်တာဇာနည်က အာအက်ဖ်အေကို ပြောပြပါတယ်။
ဘန်ကောက်မြို့မှာ ရှိနေတဲ့ ဒေါက်တာဇာနည်ကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ နားဆင်ကြည့်ပါ။
0:00 / 0:00
