၂၀၁၅ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်းတစ်ဦးသာ မဲဆွယ်ခွင့်ရှိတယ် ဆိုတာ မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က NLD ပါတီရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားတယ် လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကပြော ပါတယ်။
ရွေးကောက်ပွဲမဲဆွယ်ခွင့်နဲ့ ပတ်သက်ပြီး ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ပုသိမ်မြို့မှာ ဧပြီလ ၇ရက်နေ့က မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း တစ်ဦးသာ မဲဆွယ်ခွင့်ရှိတယ်လို့ ပြောကြားခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး NLD ပါတီက စာရေး သားမေးမြန်းခဲ့ရာမှာ ခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ဦးဉာဏ်ဝင်းက ခုလိုပြောပါတယ်။
"ကျနော်တို့ကို ပြန်တဲ့စာထဲမှာတော့ ရွေးကောက်ပွဲဝင်မယ့်လူရော၊ သူ့ရဲ့ရွေးကောက်ပွဲ ကိုယ်စား လှယ်ရော ၊ သူ့ရဲ့ပါတီရော မဲဆွယ်စည်းရုံးနိုင်ပါတယ်လို့ အဲလိုဖြေတယ်ခင်ဗျ၊ တကယ်လို့ ပြောခဲ့ရင် လည်း အဲဒီဥစ္စာ ဘယ်ဥပဒေအရပြောတာပါလဲ၊ ကျနော်တို့မေးလိုက်တဲ့ မေးခွန်းအပေါ်မှာ သူက ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥပဒေပုဒ်မ ၁ဝ(က)(ခ) နဲ့ ဒါကိုညွှန်းတယ်၊ အဲဒါတွေ တကယ်တမ်းကျတော့လည်း အဲဒီကော်မတီ ရှင်ဥပဒေမှာ ၁ဝ မှာ (က)(ခ) ဆိုတာ မရှိပါဘူးခင်ဗျ၊ ဥပဒေအရ အဖြေတွေဟာ ကျေနပ်အားရမှုမရှိပါဘူး"
NLD ပါတီရဲ့မေးမြန်းချက်ကို မေလ ၅ ရက်နေ့က ကော်မရှင်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ခုလိုရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ ပြောဆိုတဲ့စကားနဲ့ ပြန်ကြားတဲ့စာ ကွဲလွဲနေခြင်းဟာ ဧပြီလ ၇ ရက်နေ့ကသတင်းကို ဖေါ်ပြတဲ့ဂျာနယ်က မှားယွင်းဖော်ပြတာလား ဒါမှမဟုတ် ကော်မရှင်ဥက္ကဌကိုယ်တိုင် မှားယွင်းပြောဆိုတာလားဆိုတာ မိမိအနေနဲ့ ဝေဖန်ချက်မပေးလိုကြောင်းပြောပါတယ်။
ဒါပေမဲ့ ကော်မရှင်ရဲ့ဖြေကြားချက်ကို ဥပဒေအရ ကျေနပ်အားရမှုမရှိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဦးဉာဏ်ဝင်းကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်