လျှပ်စစ်အား ပိုထုတ်နိုင်ရင် မီတာခပြန်လျှော့မယ်လို့ပြော


2013.10.30

လျှပ်စစ်မီတာသုံးစွဲခတွေကို လာမယ့်နိုဝင်ဘာလကစပြီး နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပေမယ့် နိုင်ငံတော်အနေနဲ့ ဓါတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်တွေလျော့နည်းခဲ့ရင် ဓါတ်အားသုံးစွဲခတွေကို ပြန်လည်လျှော့ချပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ထောင်စုလွှတ်တော်မှာ သတင်းထောက်တွေကို ဒီနေ့ပြောကြားလိုက်ပါတယ်။

“ဓါတ်အားတွေထုတ်လုပ်လို့ ကုန်ကျစရိတ်တွေများရင် ဒီလိုပဲတက်မယ်၊ ဒါပေမယ့် ဒီတက်တာသည် နောက်ထပ်ထပ်တက်ဖို့တော့ အလားအလာမရှိတော့ဘူး၊ ကျနော်တို့နိုင်ငံက ဂက်စ်တာဘိုင်တွေ ထွက်လာမယ်၊ ရေအားတွေ ထွက်လာမယ်ဆိုလို့ရှိရင် ဓါတ်အားခတွေ ပြန်လည်လျော့သွားမှာဖြစ်ပါတယ်”

အိမ်သုံးမီတာသုံးစွဲမှု ယူနစ်တစ်ရာအထက်ကို ၃၅ကျပ်ကနေ ၅၀ကျပ်အထိ၊ လုပ်ငန်းသုံးမီတာသုံးစွဲမှုု ယူနစ်ငါးထောင်အောက်ကို ၇၅ကျပ်ကနေ တစ်ရာအထိ ၊ ယူနစ်ငါးထောင်အထက်ကို ကျပ်၁၅၀ အထိ ပြောင်းလဲကောက်ခံမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးဝေရေးအဖွဲ့က အခုလိုမီတာခတွေ တိုးမြှင့်ကောက်ခံမှာဟာ ဓါတ်အားထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ ဓါတ်အားဝယ်ယူမှု ကုန်ကျစရိတ်တေ ွကာမိအောင်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လုပ်ငန်းရှင်တွေကတော့  ခုလိုဈေးနှုန်းမြှင့်လိုက်ပေမယ့် မီးမလာတာတွေ မကြာခဏဖြစ်နေမယ်ဆိုရင် ကုန်ထုတ်လုပ်မှုက အရင်လိုပဲ ကျဆင်းနေဦးမှာဖြစ်တယ်လို့ ပြောကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး RFA သတင်းထောက် မရတနာဦးရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။