လာမယ့် သြဂုတ်လလောက်က စလို့ ပိစိဖိတ် သမုဒ္ဒရာထဲမှာ အယ်လ်နီညို ဖြစ်ပေါ်ဖို့ ရှိပြီး ဒီဇင်ဘာလောက်မှာ အခြေအနေ မြင့်မား လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က တွက်ဆ ပြောပါတယ်။ အဲဒီလိုဖြစ်လာရင် အယ်လ်နီညိုဟာ မြန်မာနိုင်ငံကိုပါ လာရောက် ရိုက်ခတ်နိုင်ပြီး ပူပြင်းလွန်းတဲ့ ရာသီဥတုနဲ့ ကြုံရနိုင်တယ် လို့လည်း ဆိုပါတယ်။ အခု တခေါက် ဖြစ်လာနိုင်ဖွယ် ရှိတဲ့ အယ်လ်နီညို ရာသီဥတုနဲ့ ပတ်သက်ပြီး ဒေါက်တာ ဦးထွန်းလွင်ကို RFA မှ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထား ပါတယ်။
0:00 / 0:00
