လောလောဆယ် စဉ့်ကူးမြို့နယ် ခူလယ်ရွာမှာဆိုရင် ဘုန်းကြီးကျောင်းတွေ၊ စေတီတွေနဲ့ အိမ်ခြေ ၂၀ လောက်ပျက်စီးသွားသလို ရွာသူ ရွာသား တစ်ထောင်ကျော်လောက်ဟာ အမိုးအကာ လုံလုံလောက်လောက်မရှိပဲ အအေးဒဏ်အောက်မှာ နေရတယ်လို့သိရပါတယ်။
ငလျင်ကြောင့် ရွှေဘိုမြို့နယ်ထဲက စဉ့်အိုးလုပ်ငန်းတွေလဲ ထိခိုက်သွားတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ နာရေးကူညီမှု အသင်း(ရန်ကုန်) က ငလျင်ဒဏ်သင့်ဒေသခံတွေအတွက် ကျန်းမာရေးဆိုင်ရာ ဆေးဝါး ကူညီဖို့ ဒေသခံတွေနဲ့ဆက်သွယ်ဆောင်ရွက်နေသလို၊ ဒေသခံ NLD ပါတီဝင်တွေလဲ ကူညီဖို့အစီအစဉ်တွေချမှတ်ထားပြီလို့ သိရပါတယ်။
ဒေသခံတွေရဲ့ပြောပြချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
0:00 / 0:00
စစ်ကိုင်းတိုင်း မုံရွာခရိုင်အတွင်းက ကျေးရွာတွေက နောက်ဆုံးအခြေအနေတွေကိုတော့ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
0:00 / 0:00