ပြည်သူတွေအပေါ် စစ်အစိုးရ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းသင့်

အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတချို့က မြန်မာ စစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ ပြည်သူလူထုကို ထိခိုက်နေတဲ့အတွက် ပြန်လည် ရုပ်သိမ်းသင့်တယ်လို့ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ် တချို့ အပါအဝင် ပြည်တွင်း နိုင်ငံရေးသမား တချို့က ပြောဆိုနေကြပါတယ်။

0:00 / 0:00

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း The New York Times သတင်းစာမှာ ဆောင်းပါးရှင် Philip Bowring ဆိုသူက စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပါ ဆိုတဲ့ ဆောင်းပါး ရေးသားလာတာ တွေ့ရပါတယ်။

ဒီ အတောအတွင်းမှာပဲ စစ်အစိုးရ ကိုယ်တိုင်က မြန်မာပြည်သူတွေ အပေါ် စီးပွားရေး၊ ပညာရေး၊ လူမှုရေး ပိတ်ဆို့ထားတာတွေ ရှိနေပြီး အဲဒီ အကြောင်းကိုလည်း ထုတ်ပြောသင့်တယ်လို့ ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရတဲ့ ဥပဒေ အကြံပေး ဦးအောင်သိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အသံဖိုင်ယူရန်။