မြန်မာ့နိုင်ငံရေးမှာ အားလုံး ပါဝင်သင့်ကြောင်း ကုလကိုယ်စားလှယ် ထပ်မံပြောဆို

2010-12-03

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ ရွေးကောက်ပွဲ မဝင်သူတွေလည်း ပါဝင်သင့်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယာက မြန်မာစစ်အစိုးရကို ဒီဇင်ဘာ ၂ ရက် ကြာသပတေးနေ့က ထပ်မံ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

UN Photo/JC McIlwaine

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး ဗီဂျေ နမ်ဘီးယားကို အထွေထွေညီလာခံ အစည်းအဝေးတခုတွင် တွေ့ရပုံ။ (UN Photo/JC McIlwaine)

မစ္စတာ ဗီဂျေး နမ်ဘီယာဟာ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာပြည်ခရီးစဉ်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီး မစ္စတာ ဗီဂျေး နမ်ဘီယာက ပြောကြားရာမှာ - မိမိရဲ့ ခရီးစဉ်ဟာ မြန်မာ့ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး အကျိုးအကြောင်း နားထောင်ဖို့၊ ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ရွေးကောက်ပွဲ မဝင်သူတွေ၊ မဝင်နိုင်သူတွေပါ ပါဝင်ဖို့၊ ကုလသမဂ္ဂနဲ့ ရေရှည် ဆောင်ရွက်ရေး လုပ်ငန်းတွေ ဆွေးနွေးဖို့ ဖြစ်ပါတယ်၊ အထူးသဖြင့် မြန်မာစစ်အစိုးရကို ရွေးကောက်ပွဲ အနိုင်ရသူတွေသာမက ရွေးကောက်ပွဲ မဝင်သူတွေကိုပါ မြန်မာ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ ပါဝင်နိုင်ရေး တွန်းအားပေးဖို့ ဖြစ်ပါတယ်၊ ကျနော်ပြောဆိုခဲ့တာကို မြန်မာစစ်အစိုးရ ကောင်းကောင်းကြီး သဘောပေါက်တယ်လို့ ထင်ပါတယ်၊ ရှေ့ဘာဆက်လုပ်မလဲ ဆိုတာကိုပဲ ကြည့်ရမှာပါလို့ ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် ဖာရန် ဟက်က အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယာရဲ့ ခရီးစဉ်အကြောင်း ပြောဆိုခဲ့ရာမှာ ရွေးကောက်ပွဲ မဝင်သူတွေကိုပါ မြန်မာ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ ပါဝင်နိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အခြေခံဖို့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

၈၈ ကျောင်းသားများအဖွဲ့ ပါတီနိုင်ငံရေး လုပ်ဖို့ အစီအစဉ် မရှိ

ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်

မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာအစိုးရကို တိုက်တွန်း

ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

မြန်မာ့နိုင်ငံရေး ပြောင်းလဲတော့မလား

လာမယ့် ၂ နှစ်အတွင်း အာဆီယံ လူ့အခွင့်အရေး တိုးတက်ဖို့ အရေးကြီး

ကုလ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ မြန်မာနိုင်ငံ ရောက်

ကုလ ကိုယ်စားလှယ် ဝန်းကျင် နှီးနှောပွဲတက်

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ရှိ