၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေနဲ့ သမ္မတ ပထမဆုံးအကြိမ်တွေ့မည်

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမယ့် နိုင်ငံရေးပါတီ ၁၄ ပါတီထဲမှာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေဟာ မနက်ဖြန်မှာ ပျဉ်းမနား နေပြည်တော်ကို အရောက်သွားရမယ်လို့ စုံစမ်းသိရှိရပါတယ်။
2012-08-03
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u-thein-sein-party-leaders-b305
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၀ ခုမှခေါင်းဆောင်များ တွေ့ဆုံ စဉ်။
Photo: President Office Website

အခုလို တွေ့ဆုံတာဟာ ပထမဆုံးအကြိမ် ဖြစ်သလို ဦးသိန်းစိန် အစိုးရအနေနဲ့ လူထုနဲ့ ပိုမို ချဉ်းကပ်လာတာ တွေ့ရတယ်လို့ ရှမ်းအမျိုးသားများ ဒီမိုကရေစီ ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ဆိုပါတယ်။

ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား နယ်စပ်ဒေသတွေက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိုးရိမ်ဖွယ် အခြေအနေတွေကို တင်ပြမယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

"အကယ်၍များ နယ်စပ်ဖြတ်ကျော်တဲ့ အချိန်မှာ၊ ဗမာပြည်ထဲပြန်ဝင်လာတဲ့ အခါမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ အကောက်ခွန်ဆိုင်ရာကိစ္စတွေမှာ သူတို့အတွက် အနှောင့်အယှက် ဖြစ်တယ် ဆိုလို့ရှိရင် နိုင်ငံသားဖြစ်ခွင့်၊ တိုင်းရင်းသားဖြစ်ခွင့် ဆုံးရှူံး သွားမှာကို ကျွန်တော်တို့ စိုးရိမ်တယ်။ နောက် နိုင်ငံသားမဟုတ်တဲ့ ပုဂ္ဂိုလ်တွေ ဗမာပြည်ထဲ အများကြီး ရောက်နေတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကျတော့ သန်းခေါင်စာရင်းမှာ ပါခွင့်ရပြီး တိုင်းရင်းသား စစ်စစ်တွေက သန်းခေါင်စာရင်းမှာ ပါခွင့်မရဘူးဆိုရင် နှစ်ဦးနှစ်ဖက် နိုင်ငံတော်အတွက်ရော၊ ကာယကံရှင် အတွက်ပါ နစ်နာတယ်။ အဲတာနဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံတော် အစိုးရအနေနဲ့ ဘယ်လို စီစဉ်ဆောင်ရွက် ပေးနိုင်မလဲဆိုတာကို ကျွန်တော်တို့ အဓိက ထားပြီးတော့မှ ဆွေးနွေးမှာ ဖြစ်ပါတယ်"

သမ္မတနဲ့ တွေ့ဆုံမယ့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ လေးခုကတော့ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ၊ ရခိုင်အမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ ပါတီတို့ ဖြစ်ပါတယ်။ အလားတူ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၀ ပါတီရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း သမ္မတ ဦးသိန်းစိန်က တွေ့ဆုံမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ရန်ကုန်မြို့မှာ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ (၁၄) ခုတွေ့ဆုံဆွေးနွေးအပြီး ရလဒ် နောက်တဆင့် အဖြစ် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ် အခုလို ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Good to hear about that.----- go Burma go ahead

Aug 04, 2012 05:42 PM