ဒီလ ၃ ရက်နေ့ လွှတ်တော် အစည်းအဝေးကနေ နိုင်ငံတော် ဒုသမတ အဖြင် ကြံ့ခိုင်ရေးပါတီ အမတ် ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခန်းကို ရွေးချယ်လိုက်တာဟာ သူတို့ တိုင်းရင်းသားပါတီတွေ တောင်းဆိုခဲ့တဲ့ အချက်တွေနဲ့ မကိုက်ညီဘူးလို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောပါတယ် ။
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
“ကြံ့ဖွတ် တိုင်းရင်းသားတော့ မကြိုက်ဖူး ။ တိုင်းရင်းသားပါတီက တိုင်းရင်းသားရဲ့ ခံယူချက်နဲ့ပေါ့ဗျာ ။ ကြံ့ဖွတ်က ဆိုလို့ရှိရင်ကတော့ သိကြားမင်းတောင် တိုင်းရင်းသားတွေ မကြိုက်ဖူးဗျ ။ ဒါတွေဟာ ။ တိုင်းရင်းသားအတွက် အလုပ်လုပ်တဲ့လူမှ မဟုတ်ပဲ ။ တိုင်းရင်းသားတွေ လိုချင်တာဟာ သူတို့လုပ်မှာမှ မဟုတ်ပဲ ။ တိုင်းရင်းသား အခွင့်အရေးတောင် သူတို့ သိပ်လည်း မသိဘူးလေ ။ သိဖို့လည်း တခါမှ မကြိုးစားဘူးလို့ ထင်တာပဲ။”
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP) အပါအဝင် ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ၅ ပါတီကနေ လွှတ်တော် အစည်းအဝေး မတိုင်ခင်က တိုင်းရင်းသား ညီအစ်ကိုများအဖွဲ့ (NBF) ကို ဖွဲ့စည်းပြီး နိုင်ငံတော် ဒုသမတ ၊ ပြည်နယ် လွှတ်တော်တွေ အပါအဝင် လွှတ်တော် ၃ရပ် စလုံးရဲ့ ဒု လွှတ်တော် ဥက္ကဋ္ဌ နေရာတွေကို ရရှိဖို့ တောင်းဆိုခဲ့ပါတယ် ။
ပြည်နယ် လွှတ်တော်တချို့မှာ ကြံ့ခိုင်ရေးပါတီက သူတို့ ပါတီဝင် တိုင်းရင်းသား လွှတ်တော် အမတ်တွေကို လွှတ်တော် ဥက္ကဋ္ဌ ၊ ဒု ဥက္ကဋ္ဌတွေအဖြစ် ရွေးချယ်ခဲ့ပါတယ်။
၂၀၁၀ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ ပြည်နယ်တွေကနေ အမတ်နေရာ အများစု အနိုင်ရရှိခဲ့ကြတဲ့ တိုင်းရင်းသား ၅ ပါတီ စုပေါင်းအဖွဲ့ (NBF) အထဲမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၊ ချင်းအမျိုးသားပါတီ (CNP) ၊ ရှမ်းကျားဖြူပါတီခေါ် ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ SNDP နဲ့ ဖလုံစဝေါ ကရင် ဒီမိုကရက်တစ် ပါတီတို့ ဖြစ်ကြပါတယ် ။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP) ဥက္ကဋ္ဌ နိုင်ငွေသိမ်းနဲ့ RFA မှ ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ် ။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ မြန်မာပြည်အနာဂတ်
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ရောက်ရှိမှု အမေရိကန် ကြိုဆို
လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် NLD ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံမည်
ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်
ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်
ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ် အမှတ် ၃ မှာ ကျားဖြူပါတီ (SNDP) အနိုင်ရ
အစိုးရအဖွဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ဖို့ အားနည်းနေ
ဝန်ကြီးဌာနတချို့ ပြင်ဆင်ဖွဲ့စည်းရေး လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြ
မှတ်ချက်များ
Click here to add your own comment