လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် စိုးရိမ်မှုရှိကြောင်း EU အဖွဲ့က ဆက်တိုက် ကိုင်စွဲလာတဲ့ မူဝါဒ ရှိနေတဲ့ကြားက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး လုပ်ငန်းစဉ် သဘောအရ အာစီယံ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေနဲ့ ခွင့်ပြုတာလို့ ဆိုပါတယ်။
ကိစ္စ အတော်များများမှာ မြန်မာဘက်က တိုးတက်လာတာကို တွေ့ရပြီး မြန်မာအာဏာပိုင်တွေ အနေနဲ့ ဒီထက် ပိုတိုး လုပ်ဆောင်လာမယ်လို့ မျှော်လင့်ကြောင်း၊ အာစီယံနိုင်ငံတွေနဲ့ အီးယူနိုင်ငံတွေက စီးပွားရေး လုပ်ငန်းရှင်တွေ မျက်နှာစုံညီ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပရိသတ်ထဲမှာ ပါဝင်ဖို့ EU က မျှော်လင့်ကြောင်းလည်း Mr. Wilson က ပြောပါတယ်။
ညီလာခံမှာ စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စက်မှုလက်မှု၊ စွမ်းအင်နဲ့ တခြား ဝန်ဆောင်မှု စတဲ့ ကူးသန်းရောင်းဝယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ လုပ်ငန်းတွေကို ဦးစားပေး ဆွေးနွေးမယ်လို့ ဆိုပါတယ်။
ဒီညီလာခံကို ဂျာကာတာမြို့ Convention Center မှာ ကျင်းပမှာဖြစ်ပြီး EU နဲ့ အာစီယံ ၁ဝ နိုင်ငံက ကုမ္ပဏီ ၃ ရာလောက် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
