မြန်မာ့နိုင်ငံရေး ပြောင်းလဲနေပြီလို့ အီးယူပြောဆို

2011-11-07

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်နေပြီလို့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လော နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အီးယူ သံအမတ် David Lipman က ပြောပါတယ်။

RFA

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ရ ရက်နေ့တွင် ကျင်းပသော စီးပွားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်လာသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အီးယူ သံအမတ် မစ္စတာ David Lipman တို့ကို အတူတွေ့ရစဉ်။ ဓါတ်ပုံ - RFA

ရန်ကုန်မြို့မှာ ဒီကနေ့နဲ့ မနက်ဖြန် ၂ ရက်ကြာ ကျင်းပနေတဲ့ ငွေကြေး ဈေးကွက် ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ အီးယူ သံအမတ် မစ္စတာ David Lipman က သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ငွေကြေး ဈေးကွက်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း တစ်မျိုးတည်းဖြစ်ရေး လုပ်ဆောင်သင့်တဲ့ အချက်တွေကို အဓိကထား ဆွေးနွေးနေကြောင်း ဗဟုဖွံ့ ဖြိုးရေး အဖွဲ့ဝင် ဦးအောင်သူငြိမ်းက ပြောပါတယ်။

ဒီကနေ့ စတင်ကျင်းပတဲ့ စီးပွားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ ပါတယ်။

ဒါ့အပြင် ဗဟု ဖွံ့ ဖြိုးရေးအဖွဲ့  အကြီးအကဲ ဒေါက်တာ ဇော်ဦး အပြင် အမေရိကနိုင်ငံ Brooking သုတေသန ဌာနက စီးပွားရေး ပညာရှင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အခုကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို အီးယူအဖွဲ့က ငွေကြေးထောက်ပံ့ ကူညီပေးတာလို့ သိရပါတယ်။

လက်ရှိ အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့  ပတ်သက်ပြီး ဦးအောင်သူငြိမ်းက အခုလို မြင်ပါတယ်။

“မြန်မာနိုင်ငံဘက်က အခြေအနေတွေ တိုးတက်လာတယ်၊ တကယ့်ကို ပူးပေါင်း ဆောင်ရွက်မှုတွေ ကောင်းလာတယ် ဆိုရင် ဥရောပ သမဂ္ဂနိုင်ငံတွေ ဘက်ကလည်း ပြောင်းလာနိုင်စရာ ရှိတယ်လို့ ထင်ပါတယ်။”

အမေရိကန်နဲ့ အီးယူ ဥရောပ သမဂ္ဂတို့ဟာ မြန်မာအစိုးရ အဆက်ဆက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားဆဲ ဖြစ်ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်