စက်တင်ဘာ လဆန်းပိုင်း အတွင်း EU ဥရောပ သမဂ္ဂအဖွဲ့ အနေနဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒ ဆွေးနွေးပွဲ ရှိတာကြောင့် မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ ပါလီမန် အမတ်များ သမဂ္ဂက အခုလို ကြေညာချက် ထုတ်ပြန် တိုက်တွန်း လိုက်တာ ဖြစ်တယ်လို့ Burma Campaign U.K အဖွဲ့ဝင် မဇိုယာဖန်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် တက်လာပြီ ဆိုပေမယ့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ မမြင်ရသေးသလို စစ်တပ်နဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေသေး တာကြောင့် ဥရောပ ပါလီမန် အမတ်များ သမဂ္ဂက မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် စေလွှတ်ရေးကို တိုက်တွန်း တောင်းဆို aနရတာ ဖြစ်ကြောင်း အဲဒီအဖွဲ့ရဲ့ ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။ စုံစမ်းရေး ကော်မရှင် စေလွှတ်ရေးဆိုင်ရာ ဥရောပနိုင်ငံတွေ ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး Burma Campaign U.K အဖွဲ့က မဇိုယာဖန်းကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်အောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
0:00 / 0:00
