စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ဥရောပ အမတ်တွေ တိုက်တွန်း

2011-08-30

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို စုံစမ်းရေး ကော်မရှင် စေလွှတ်ရေး ကိစ္စ ဆုံးဖြတ်ချက် ချနိုင်အောင် EU ဥရောပ သမဂ္ဂအဖွဲ့ အနေနဲ့ ကြိုးပမ်း ဆောင်ရွက်ဖို့ မြန်မာပြည်ဆိုင်ရာ ဥရောပ ပါလီမန် အမတ်များအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။

Photo Courtesy of Burma Campaign (UK)

ကရင်အမျိုးသမီး မဇိုယာဖန်းသည် ဗြိတိန်အခြေစိုက် Burma Campaign (UK) တွင် တက်ကြွစွာ လှုပ်ရှားနေပါသည်။ သူသည် လုပ်ကြံခံလိုက်ရသော ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး ပဒိုမန်းရှာ၏ သမီးလည်း ဖြစ်သည်။ Photo Courtesy of Burma Campaign (UK)

စက်တင်ဘာ လဆန်းပိုင်း အတွင်း EU ဥရောပ သမဂ္ဂအဖွဲ့ အနေနဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒ ဆွေးနွေးပွဲ ရှိတာကြောင့် မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ ပါလီမန် အမတ်များ သမဂ္ဂက အခုလို ကြေညာချက် ထုတ်ပြန် တိုက်တွန်း လိုက်တာ ဖြစ်တယ်လို့ Burma Campaign U.K အဖွဲ့ဝင် မဇိုယာဖန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် တက်လာပြီ ဆိုပေမယ့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ မမြင်ရသေးသလို စစ်တပ်နဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေသေး တာကြောင့် ဥရောပ ပါလီမန် အမတ်များ သမဂ္ဂက မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် စေလွှတ်ရေးကို တိုက်တွန်း တောင်းဆို aနရတာ ဖြစ်ကြောင်း အဲဒီအဖွဲ့ရဲ့ ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။

စုံစမ်းရေး ကော်မရှင် စေလွှတ်ရေးဆိုင်ရာ ဥရောပနိုင်ငံတွေ ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး Burma Campaign U.K အဖွဲ့က မဇိုယာဖန်းကို RFA ၀ိုင်းတော်သား ကိုဥာဏ်ဝင်အောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

ရွေးကောက်ပွဲ ကြည့်ရှုဖို့ အမေရိကန်အဖွဲ့ရောက်ရှိ

ကချင်ဒေသဒုက္ခသည်တွေဆီ ကုလအကူညီပေးရေးအဖွဲ့ ရောက်ရှိ

ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ဆန်းစစ်ကြဖို့ ကုလကိုယ်စားလှယ် ပြော

ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

လူ့အခွင့်အရေး ကိုယ်စားလှယ် ခရီးစဉ် မနက်ဖြန် စမည်

တိုင်းရင်းသားခေါင်းဆောင်တွေ ကုလအတွင်းရေးမှူးချုပ်ထံ တောင်းဆိုစာပို့

မြန်မာ လူ့အခွင့်အရေးချိုးဖောက်မှု ကုလ စိုးရိမ်နေရဆဲ

မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းတဲ့ အပေါ် ကုလကိုယ်စားလှယ် ကြိုဆိုချက် တရုတ် မကျေနပ်

ကုလသမဂ္ဂ ပါဝင်ဖြေရှင်း ဖို့ KIO ပန်ကြား