မြန်မာက ဥရောပသမဂ္ဂဆိုင်ရာရုံးကို အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံး အကြီးအကဲ ဖွင့်လှစ်

မြန်မာနိုင်ငံမှာ အီးယူ ဥရောပသမဂ္ဂဆိုင်ရာရုံးကို ဒီကနေ့ စနေနေ့မှာ တရားဝင် ဖွင့်လှစ်မယ်လို့ အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံး အကြီးအကဲ Catherine Ashton က မနေ့က မြန်မာပြည်ကို မထွက်ခွာခင်မှာ ပြောကြားလိုက်ပါတယ်။

2012.04.27
catherine-ashton-b305 အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံးအကြီးအကဲ Catherine Ashton ဖြစ်ပါသည်။
AFP

ဘရူးနိုင်း နိုင်ငံကနေ ထွက်ခွာလာတဲ့ Catherine Ashton ဟာ ဒီကနေ့ မြန်မာပြည်ကို လေယာဉ်နဲ့ ဆိုက်ရောက်မှာဖြစ်ပြီး သူကိုယ်တိုင် အီးယူ ရုံးခန်းကို ဖွင့်လှစ်မှာပါ။ အခုလို ရုံးခန်းဖွင့်လှစ်လိုက်တာဟာ ဥရောပသမဂ္ဂရဲ့ လုပ်ငန်းတွေကို အပြည့်အ၀ ဆောင်ရွက်နိုင်ဖို့အတွက် ပထမခြေလှမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အီးယူရုံးအနေနဲ့ အရင်ဆုံး ဖွံဖြိုးရေးဆိုင်ရာမှာ ကူညီဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဘရူးနိုင်းနိုင်ငံမှာ မနေ့က ကျင်းပပြီးစီးသွားတဲ့ အီးယူနဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့အစည်းအဝေးမှာ Catherine Ashton က ပြောသွားပါတယ်။

အီးယူရဲ့ သမိုင်းတွင်တဲ့ အပြောင်းအလဲအဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လက်နက် ကူးသန်းရောင်းဝယ်ရေးကလွဲလို့ မြန်မာအပေါ် ထားတဲ့ပိတ်ဆို့ အရေးယူမှုတွေကို တစ်နှစ်ဆိုင်းငံလိုက်ပါတယ်။

အီးယူရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို လုံးဝရုပ်သိမ်းဖို့ ဆိုရင် မြန်မာအနေနဲ့ ဒီထက်မက အပြောင်းအလဲတွေ ဖြစ်အောင် ကြိုးစားလုပ်ဆောင်ဖို့ လိုကြောင်း အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံးအကြီးအကဲ Catherine Ashton က ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။