" ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာပြည် အပြောင်းအလဲအတွက် အင်မတန် အရေးကြီးတဲ့ အခိုက်အတန့် တစ်ရပ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲတွေ ဘယ်လောက်ထိ လွတ်လပ်ပြီး တရားမျှတသလဲဆိုတာ ဆုံးဖြတ်ဖို့ စောပါသေးတယ်။ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေရဲ့အစီခံချက်တွေနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ အမြင်တွေကို သိရဖို့ မိမိစောင့်စားနေပါတယ်" လို့ မစ္စတာ Hague က ဆိုပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ်မျှတမယ်။ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်မယ်ဆိုရင် မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှု အများအပြားကို ရုတ်သိမ်းမယ်လို့ အီးယူ နိုင်ငံခြားရေး ၀န်ကြီးတွေက ပြောဆိုထားပြီး ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုမိမိတို့ အခုလက်ငင်း ဘာတွေ လုပ်စရာရှိသလဲဆိုတာ ဆွေးနွေး တိုင်ပင်ကြရမှာပါ လို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။
ပိတ်ဆို့မှုတချို့ ရုပ်သိမ်းရေးကိစ္စအတွက် မြန်မာနဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ကြောင်း အီးယူ အလုပ်အမှုဆောင် ကော်မရှင်က ပြောပါတယ်။