အခု ၂ဝ၁၂ - ၂ဝ၁၃ ဘဏ္ဍာနှစ်အတွင်း EU အဖွဲ့အနေနဲ့ ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုအဖွဲ့အစည်းတွေ အရည်အချင်း တိုးမြှင့်ရေးတို့အတွက် မြန်မာအစိုးရကို နှစ်ဦးပိုင်းကပေးထားတဲ့ ကတိထက်ပိုပြီး၊ ယူရိုငွေသန်းပေါင်း ၁၅၀ ကျော် ထောက်ပံ့ပေးခဲ့ပြီဖြစ်ကြောင်း ပြီးဆုံးသွားတဲ့ နှစ်ဖက်အစည်းအဝေးပွဲ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
EU အဖွဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ သံအမတ်ကြီး မစ္စတာပိုင်းဘတ်နဲ့ မြန်မာအစိုးရ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်တို့ ပူးတွဲလက်မှတ်ရေးထိုးထားတဲ့ အဲဒီကြေညာချက်မှာ တချို့လုပ်ငန်းတွေကို အကောင်အထည်ဖေါ်နေပြီဖြစ်ပြီး အခုပေးခဲ့တဲ့ ထောက်ပံ့ငွေဟာ အရင် ၂ နှစ်ကထက် ၂၀ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
၂၀၁၂ ခုနှစ်အတွင်းမှာ ပညာရေး ကျန်းမာရေးစတဲ့ကဏ္ဍတွေကို ယူရိုသန်း ၅၀ ကျော် ဦးစားပေး သတ်မှတ်ထောက်ပံ့ခဲ့ပြီး ၂၀၁၃ ခု အတွင်းးမှာ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု၊ ကုန်သွယ်ရေးနဲ့ ပုဂ္ဂလိကအပိုင်းတို့ကို ဦးစားပေးပြီး ယူရို ၃၈ သန်း ကူညီခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။
