ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗီဒီယိုမှတ်တမ်း အသံထွက်ပေါ်လာ

ပြီးခဲ့တဲ့အပတ်က ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ပတ်သက်ပြီး အသံမပါတဲ့ ဗီဒီယိုမှတ်တမ်းတခု အင်တာနက်မှာ ထွက်ပေါ်ခဲ့ပြီးနောက် ဒီကနေ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီတို့ အပြန်အလှန် ပြောစကားအသံတွေပါတဲ့ ဗီဒီယိုမှတ်တမ်း ထွက်ပေါ်လာပြန်ပါတယ်။
2010-12-04
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
khin_nyunt_leak_video_305_z
နေအိမ် အကျယ်ချုပ် ချထားသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အား ရိုက်ကူးထားသည့် ဗီဒီယို မှတ်တမ်းတခုတွင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီနှင့် စစ်အစိုးရအရာရှိများ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားရန် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (screenshot of the leaked video)
(screenshot of the leaked video)

အခုထွက်ပေါ်လာတဲ့ မှတ်တမ်းမှာ သူဟာ အပြင်နဲ့ ဆက်သွယ်ပြီး ဘာတခုမှ လုပ်ဆောင်ခဲ့တာမျိုး မရှိကြောင်း၊ သူ့အပေါ် လုံခြုံရေးအရ သတ်မှတ်ထားတဲ့အတိုင်း နေနေကြောင်း၊ သူဟာ နိုင်ငံတော် ဆန့်ကျင်နေတဲ့သူ မဟုတ်ပါဘူးလို့ ပြောဆိုသွားသံကို ကြားကြရပါတယ်။

ဒါ့ပြင် သူ့ကို ခေါ်ဆောင်သွားဖို့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ပြောဆိုတဲ့အခါ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က “သားနှစ်ယောက်လည်း ခေါ်သွားပြီ။ သားမက်လည်း ထောင်ချထားပြီးပြီ။ အခု ကလေးတွေလည်း တယောက်မှ ကျောင်းမတက်ရဘူး” လို့ ပြောပါတယ်။

အဝတ်အစားတွေ မယူခဲ့ဖို့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ပြောတဲ့အခါမှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က “ယူသွားမယ်၊ ယူသွားမယ်။ ဘာလို့လည်းဆိုတော့ အရင် သားတွေ ခေါ်တုန်းကလည်း ဘာမှ ပစ္စည်း မယူရဘူးဆိုပြီး ဘာမှ ပါမသွားဘူး…” ဆိုပြီး ပြောဆိုတာကိုလည်း ကြားကြရပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ကိုဘိုကြည်က အခုလို မှတ်ချက်ချ ပြောဆိုပါတယ်။

“ကျနော်တို့တွေ ဆိုတာ အဲဒီအချိန်တုန်းက သူတို့ရဲ့ သားအရွယ် သမီးအရွယ်တွေပါ။ ကျနော်တို့တွေကို သူတို့တွေ ဒီလိုပဲ ခနဆိုပြီး ခေါ်သွားတယ်၊ ထောင်ထဲမှာ နှစ်ပေါင်းများစွာ ကြာတယ်။ အဲလိုပဲ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမိန့်နဲ့ အဖမ်းခံထားရတဲ့ သန့်ဇော်နဲ့ ညီညီဦး ဆိုရင် အခုချိန်အထိ ထောင်ထဲမှာ အနှစ် ၂၀ ကျော်လောက် ဖြစ်နေပါပြီ။ သူတို့ဆိုရင် သံလျင်ရေနံချက် စက်ရုံမှာ ဗုံးခွဲတဲ့ကိစ္စနဲ့ သူတို့နဲ့ ဘာမှ မပတ်သက်ဘူး။ အဲဒါကို ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမိန့်နဲ့ သေဒဏ် ချထားတယ်။ ခုချိန်ထိ ထောင်ထဲကနေ ပြန်လွှတ်မပေးသေးဘူး။ ဒီလိုမျိုးတွေ အများကြီးပဲ။ သူတို့ နှိပ်စက်ခဲ့လို့ မတရားလုပ်ခဲ့လို့ ထောင်ထဲမှာ သေသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း အများကြီး ရှိနေပါတယ်။ အခု သူခံစားနေရတယ်ဆိုတဲ့ အဖြစ်အပျက်က နိုင်ငံရေးအကျဉ်းသားတွေ၊ ပြည်သူလူထုတွေ ခံစားနေရတာနဲ့ စာရင် ဘာမှ မရှိသေးပါဘူး”

အပြည့်အစုံကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

don't fall into their trick. This video clip is an old one. Now, his grandchildren are going to schools. Than Shwe is trying to divert peoples' attention from Daw Aung San Suu Kyi to this type.

Dec 04, 2010 10:54 PM

အမည်မဖော်လိုသူ

Please show "THE" source!

Dec 04, 2010 12:45 PM