နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ကုသိုလ်ဖြစ် ဆေးစစ်ပေး

အကျဉ်းထောင် အသီးသီးက ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၂ ယောက်ကို ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ကုသိုလ်ဖြစ် သုခဆေးခန်းမှာ ဒီနေ့ အထွေထွေ ကျန်းမာရေး စစ်ဆေးပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။
2012-07-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ffss_free_lab_305_z
နာရေးကူညီမှုအသင်း (ရန်ကုန်) က ဖွင့်လှစ်ထားသည့် မြောက်ဒဂုံမြို့နယ် သုခ ကုသိုလ်ဖြစ် ဆေးခန်းတွင် အခမဲ့ဓာတ်မှန်ခန်း ဖွင့်လှစ်ပွဲကို ၂၀၁၀ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်နေပုံ ဖြစ်ပါသည်။(Photo: RFA)
RFA

အဲဒီလို စစ်ဆေးတဲ့အခါ အများစုက မျက်လုံးအားနည်းတာ တွေ့ရသလို တချို့က အကြောအားနည်းတာ တွေ့ရတယ်လို့ ဦးကျော်သူက RFA ကို ပြောပါတယ်။

"နောက်ဆုံးလွှတ်တဲ့ထဲက နိုင်ငံရေး အကျဉ်းသား ၁၂ ယောက် ကျွန်တော်တို့ ဆီလာတယ်။ x-ray တို့ Ultrasound တို့၊ သွေးစစ်တာတို့၊ ECG တွေ အဲတာ အကုန်လုပ်ပေးလိုက်ပါတယ်။ လိုအပ်တဲ့ ဟာတွေကို နောက်ရက် ပြန်ချိန်းထားတယ်။ ကျန်းမာရေးကတော့ များသောအားဖြင့် ကောင်းပါတယ်။ သို့သော် တချို့ကတော့ မျက်စိ သိတ်မကောင်းတော့တာ ရှိတယ်။ တချို့က လက်က အကြောသေပြီးတော့ လက်ကွေးလို့ မရတာတို့၊ ဘာတို့ အဲတာလေးတွေတော့ ရှိတယ်"

ဒီနေ့ စစ်ဆေးပေးလိုက်သူတွေက ကလေးထောင်ကနေ ပြန်လွတ်လာတဲ့ ၉၈ ကျောင်းသား လှုပ်ရှားမှုခေါင်းဆောင် ကိုအေးအောင်၊ ဘိုးတော်ခင်ဝင်း၊ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့က ကိုဗသက်အောင်၊ ဦးလူတင်ဝင်း၊ စောဝီလျံ၊ ကိုထွန်းမြတ်သူ၊ ကိုဇော်မင်းအောင်၊ စောဖရန်စစ်၊ ကိုကျော်ကျော်၊ ကိုအေးသိန်း၊ ကိုအောင်နိုင်၊ ဦးမြင့်ကြိုင် တို့ ဖြစ်တယ်လို့ ပြောပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်