အစိုးရသစ်ကို အသိအမှတ် မပြုကြောင်း နယ်စပ်အခြေစိုက် FDB အဖွဲ့ ကြေညာ

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒီမိုကရေစီ အင်အားစုတွေ စုပေါင်းဖွဲ့စည်းထားတဲ့ FDB ခေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု အဖွဲ့က ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကို အသိအမှတ် မပြုနိုင်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

0:00 / 0:00

သမ္မတ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ မိန့်ခွန်းထဲမှာ သဘောကျလောက်အောင် ဘယ်လောက်ပဲ ပြောစေကာမူ မြန်မာပြည်သူတွေရဲ့ ကံကြမ္မာဟာ ဆင်းရဲတွင်းနဲ့ ပြည်တွင်းစစ် သံသရာ ဝဲဂယက်က လွတ်မြောက်နိုင်အုံးမှာ မဟုတ်ကြောင်း၊ ပါတီစုံအရေခြုံ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင်သာ လုပ်ဆောင်ကြအုံးမှာ ဖြစ်ကြောင်း FDB အဖွဲ့က ပြောပါတယ်။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ကနေ မတ်လကုန်အထိ ပြုလုပ်ခဲ့တဲ့ လွှတ်တော်ဟာလည်း စစ်ဗိုလ်ချုပ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ ပြောသမျှ အတည်ပြုပေးရတဲ့ လွှွတ်တော်သာ ဖြစ်ကြောင်း၊ လက်ရှိ လွှတ်တော်နဲ့ အစိုးရ ဝန်ကြီးဌာန အသီးသီးမှာ အရပ်သားဆိုလို့ ၄ ဦးမျှသာ ပါဝင်ကြောင်း၊ အာဏာကို အဓိက ချုပ်ကိုင်ထားတဲ့ အမျိုးသား လုံခြုံရေးကောင်စီမှာလည်း အရပ်သား တဦးသာ ပါဝင်ပြီး အဲဒီ အရပ်သားဟာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်သာ ဖြစ်ကြောင်း FDB ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး FDB အတွင်းရေးမှူး ဒေါက်တာနိုင်အောင် ကို ကိုဇော်မိုးကျော် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။