ပတ်ဝန်းကျင်ထိခိုက်မှု ပြည်ပ ကုမ္ပဏီ လေ့လာ

0:00 / 0:00

လက်ပံတောင်းတောင်ဒေသ၊ စီမံကိန်းနယ်မြေအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး နဲ့ ဆောင်ရွက်မယ့် အခြေအနေတွေကို သြစတြေးလျနိုင်ငံအခြေစိုက် Knight Pie’sold ကုမ္ပဏီက ဒေသခံရွာတွေကို ရှင်းလင်းနေရာမှာ တကယ်နစ်နာတဲ့ရွာတွေကို လာရောက်ခြင်းမရှိဘဲ စီမံကိန်းနဲ့ မပတ်သက်တဲ့ ရွာတချို့ကိုတော့ အာဏာပိုင်တွေက လိုက်လံပို့ဆောင်ခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။

Knight Pie’sold ကုမ္ပဏီ လာရောက်ခြင်းမရှိတဲ့ ရွာတွေကတော့ ဝက်မှေး၊ ကံတော၊ ဆည်တဲနဲ့ ဇီးတောရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝှက်မှေးရွာက မသွဲ့သွဲဝင်းက ခုလိုပြောပါတယ်။

"ကျမတို့သိချင်တာက ကျမတို့ တကယ်နစ်နာ ဆုံးရံှူးနေတာတွေကို ဒီကုမ္ပဏီက သိသွားမှာ စိုးလို့လား၊ မြင်သွားမှာစိုးလို့လား၊ အစိုးရက အဲဒီလိုပဲ မျက်ကွယ်ပြုပြီးတော့ ဒေသခံတွေ တကယ်ဆုံးရှူံးနေတာတွေကို မျက်ကွယ်ပြုပြီး ဒီလိုလိုက်ပေးနေတာလားဆိုတာ ကျမတို့က မပြောတတ်တော့ဘူး"

အာဏာပိုင်တွေက ခုလိုရွာတချို့ကို လိုက်လံပို့ဆောင်ခြင်းမရှိခြင်းဟာ လုံခြုံရေးအရ အာမမခံနိုင်တဲ့အတွက်ဖြစ် တယ်လို့ ပြောကြောင်း Knight Pie’sold နဲ့ နီးစပ်သူတွေထံကတဆင့် သိရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကုမ္ပဏီအနေနဲ့ ဝင်ရောက်ခွင့်ရတဲ့ကျေးရွာတွေကို စီမံကိန်းနဲ့ ပတ်သက်တာတွေကို ရှင်းလင်းပြောကြားပြီး ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအနည်းဆုံးနဲ့ စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ဆောင်ရွက်နေတာတွေကို ရှင်းပြသလို ဒေသခံတွေရဲ့ တင်ပြချက်တွေ အတွေ့အကြုံတွေကိုလည်း မှတ်သားခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်ရဲ့သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။