အလုပ်သမားတွေက အခြေခံလစာ သုံးသောင်းအထိ တိုးပေးရေး အပါအဝင် အလုပ်သမား အခွင့်အရေးတွေအတွက် တောင်းဆိုနေတာဖြစ်သလို အလုပ်ခွင်မှာ အခွင့်အရေး ချိုးဖောက်ခံရတာတွေကြောင့် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ အလုပ်သမတစ်ဦးက ပြောပါတယ်။
" ဆဲလည်းဆဲတယ်။ ပြီးတော့ အပ်တွေဘာတွေဆိုလည်း ကိုယ့်ဖာသာ ဝယ်သုံးရတယ်။ သံမှိုကအစ အကုန်ဝယ်သုံးရတယ်။ မနေ့ကဆိုရင်လည်း သမီးတို့ကိုဆဲဆိုတယ်။ အဖေကအစပေါ့နော်။ အဖိုးအဖွား အကုန်လုံးကို တုတ်တယ်။ နောက်ပြီးတော့ ခေါင်းကိုလည်း အမြဲတမ်းခေါက်တယ်။ မတ်တတ်လည်း ထွက်ရပ်ခိုင်းတယ်။ တနေကုန်"
လက်ရှိမှာ တစ်ရက်ကို အခြေခံလစာ ကျပ် ၃၀၀ အပါအဝင် ရက်မှန်ကြေးနဲ့ အိုတီကြေးတွေပဲ ရကြတာဖြစ်ပါတယ်။ အလုပ်သမားတွေက အခြေခံလစာကို သုံးသောင်းကျပ်ပေးဖို့ တောင်းဆိုတာကို အလုပ်ရှင်က သုံးသောင်းဝန်းကျင်အထိပဲ တိုးပေးတဲ့အတွက် ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
တော်ဝင်မြန်မာဇာထိုး စက်ရုံမှာ အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမား ၄၀ ခန့်ရှိနေကြောင်းလည်း သိရပါတယ်။ အလုပ်သမားရုံးက လာရောက်စစ်ဆေးတဲ့အခါ အဲဒီကလေးတွေကို ဖွက်ထားလေ့ရှိတယ်လို့လည်း သိရပါတယ်။