တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတွေ ကို တရားစွဲအကျဉ်းချထားတာကို ကန့်ကွက်တဲ့အနေနဲ့ Failed Law မတရားတဲ့ ဥပဒေအားလုံးကို ကန့်ကွက်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
မတရားတဲ့ဥပဒေတွေကို ကန့်ကွက်ရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဦးဆောင် လှုပ်ရှားခဲ့တဲ့ တက္ကသိုလ်ကျောင်း သားသမဂ္ဂအဖွဲ့ဝင် ကိုဖိုးသား က ပြောပါတယ်။
"တစ်နိုင်ငံလုံးမှာထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လယ်သမားတွေ၊ အလုပ် သမားတွေ၊ ကျောင်းသားတွေအားလုံး သူတို့ကို မတရား ဖမ်းဆီးထောင်ချထားတဲ့ မတရားတဲ့ဥပဒေ အဲ့ဥပဒေတွေကို ကျနော်တို့ ဆန့်ကျင် လှုပ်ရှားတဲ့ ကန့်ကွက်မှုပေါ့၊ ဥပဒေတွေကအများကြီးပဲ၊ ဒါပေမဲ့ ကျနော်တို့ တစ်ခုချင်းလည်း လိုက်မပြောဘူး၊ ဥပမာ ပုဒ်မ ၁၈ တို့လို၊ ပုဒ်မ ၅၀၅(ခ)တို့လို အဲ့လိုမတရားတဲ့ ဥပဒေပုဒ်မတွေအားလုံးကို ကျနော် တို့က ဆန့်ကျင် ကန့်ကွက်တဲ့လှုပ်ရှားမှုပါ"
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့နဲ့ စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့က ကျောင်းသား ၂ဝ နီးပါး ပါဝင် ခဲ့ကြပြီး တကသ အဖွဲ့ဝင်တွေက Failed Law ဆိုတဲ့ စာတန်းရေးထားတဲ့ စာရွက်တွေကို ကိုင်ဆောင်ထားကြပါတယ်။
အခုအခါ အလုပ်သမားတွေနဲ့ ကျောင်းသားတွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဝေးမှာ ပါဝင်မှု၊ တရားမဝင်စီတန်းလှည့်လည်မှု၊ ရုန်းရင်း ဆန်ခတ်ဖြစ်စေမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲခံနေရတာတွေရှိသလို လယ် သမားတွေကတော့ ပိုင်နက် ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်စီးမှုစတဲ့ ပုဒ်မတွေနဲ့ တရားစွဲခံရပြီး ဖမ်းဆီးထောင်ချခံနေရ ပါတယ်။