ချင်းပြည်နယ်အတွင်း ဆက်လက်ဆိုးဝါးနေဆဲဖြစ်တဲ့ ကြွက်သောင်းကျန်းမှုပြဿနာ ကြောင့် မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ စတဲ့ တောင်ပိုင်းမြို့နယ်တချို့မှာ အခု နိုဝင်ဘာလအတွင်း စားနပ်ရိက္ခာ လုံးဝပြတ်တောက်မဲ့ အခြေအနေ ရှိတယ်လို့ ရန်ကုန်မြို့အခြေစိုက် ချင်းပြည်နယ် ကြွက်နှိမ်နင်းရေးနဲ့ ပြန်လည် ထူထောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဒင်က RFA ကို အောက်တိုဘာ ၅ ရက် ဒီကနေ့ ထုတ်ဖော်ပြောကြား ပါတယ်။
ကမႝာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ၂၀ဝ၉ ဇန်နဝါရီတွင် ဖြန့်ဖြူးသော ဓာတ်ပုံမှာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနယ်စပ် တိုင်းရင်းသား နယ်မြေဒေသတွင်ြွကက်ဖျက်ဆီးခံရသော ပြောင်းဖူးများကို ပြသနေသည့် အမျိုးသမီးကြီးတဦး ဖြစ်ပါသည်။ (Photo: AFP)
အဲဒီမြို့နယ်တွေမှာ ဒေသခံ တောင်သူအများစုဟာ ပြောင်းကို အဓိက စိုက်ပျိုးလေ့ရှိပြီး၊ အခုနှစ်အတွင်း ကြွက်ဖျက်ဆီးမှုကြောင့် စိုက်ပျိုးထားတဲ့ ပြောင်းခင်းတွေရဲ့ ပျက်စီးမှုနှုန်းဟာ ၇၆ ဒသမ ၅၈ ရာနှုန်း ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ချင်းပြည်နယ်က ကြွက်သောင်းကျန်းမှု ပြဿနာ အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စားနပ်ရိက္ခာ ထောက်ပံ့ ကူညီမှု ရရှိခဲ့ပေမဲ့ အခုနှစ်ထဲမှာတော့ အကူအညီ မရှိသလောက် ဖြစ်နေတယ်လို့ ဦးအောင်ဒင်က ပြောပါတယ်။
“ဒီနှစ်က တော်တော်ကို ပိုဆိုးတယ်။ ပိုဆိုးတယ်ဆိုတာက ပလက်ဝမြို့နယ်မှာက ရွာပေါင်း လေးရာနဲ့ တစ်ရှိတယ်။ ဒါပေမဲ့၊ အခုဖြစ်တာက ရွာပေါင်းက ၂၀ လောက်ပဲ ကျန်တော့တယ်။ ရွာပေါင်း ၃၈၀ လောက်ကတော့ အဆင်ပြေသွားပြီ။ ဟို ထန်တလန်၊ ဟားခါးတို့ ဆိုလို့ရှိရင် မနှစ်တနှစ်ကတော့ ဖြစ်တယ်။ အခု ဒီ လွန်ခဲ့သော သြဂုတ်လကုန်နဲ့ စက်တင်ဘာ ၅ ရက်အတွင်းမှာ သူတို့ ဒီ ချင်းပြည်နယ် ၉ မြို့နယ် အားလုံးကို သူတို့က စစ်တမ်းကောက်လိုက်တယ်။ ကောက်လိုက်တဲ့ အခါမှာကျရင် ကျန်တဲ့ မြို့နယ် ၇ မြို့နယ်တော့ နည်းနည်း အိုကေ ဖြစ်သေးတယ်။ ဒီ ကန်ပက်လက်၊ မင်းတပ်ကတော့ တော်တော်ကို ဆိုးတယ်။ ဒီနှစ် ၂၀၁၀ မှာဆိုရင် ကျွန်တော် ကြားသလောက်က သူတို့ မကူညီဘူး။ အဲဒီ မြို့နယ်တွေမှာ အကူအညီ မလာဘူး။”
ချင်းပြည်နယ်က ကြွက်သောင်းကျန်းမှုပြဿနာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ငတ်မွတ်ခေါင်းပါးမှု နောက်ဆုံးအခြေအနေအကြောင်း ရန်ကုန်မြို့အခြေစိုက် ချင်းပြည်နယ် ကြွက်နှိမ်နင်းရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မတီ ဥက္ကဋ္ဌ MEET NGO အဖွဲ့ အကြီးအကဲ ဦးအောင်ဒင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန် |
ပြည်နယ်ဝန်ကြီး တချို့ အလုပ် လက်ကိုင်မရှိ ဖြစ်နေ
တိုင်းရင်းသားရေးရာဝန်ကြီး ခံစားခွင့်များ မရသေးကြောင်း ထုတ်ဖော်ပြောဆို
ချင်းပြည်နယ်မှာ အဓမ္မအလုပ်ခိုင်းစေမှု ကျဆင်းရေး ILO အရာရှိမျှော်လင့်
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ချင်းမိသားစု ၄၀ ကျော် နှင်ထုတ်ခံရ
လူထု အခြေပြု သဘာဝဘေးဒဏ် စီမံခန့်ခွဲမှု တာလေမြို့နယ်မှာ ပြုလုပ်
စစ်သင်တန်းကြောင့် ချင်းလူငယ်များ နယ်စပ်သို့ ထွက်ပြေးနေ
သဘာဝဘေးဒဏ်သင့်သူများအတွက် အမေ့အိမ်ကျောင်းမှာ ဆုတောင်းပွဲကျင်းပ
ငလျင်သင့်ဒေသမှာ ရေခက်ခဲကာ ဝမ်းရောဂါ ဖြစ်ပွား
မှတ်ချက်များ
Click here to add your own comment