ဒါကြောင့် လယ်သမားတွေက NLD ကို သွားရောက် တင်ပြတဲ့ အတွက် NLD အဖွဲ့ချုပ် အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်သူ ဦးသက်ဝေက ရန်ကုန်မြို့ ILO ရုံးမှာ ဒီနေ့တင်ပြလိုက်ပါတယ်။ အခုဖြစ်ရပ်ဟာ ၁၉၆၃ ခုနှစ် လယ်ယာမြေ ဥပဒေနဲ့ မကိုက်ညီတဲ့ အကြောင်းနဲ့ အခုလို လယ်သိမ်းခံထားရသူ (၂၀) ကျော် အဲဒီဒေသမှာ ရှိနေတယ်လို့ ဦးသက်ဝေက ပြောပါတယ်။ ပြည်သူ့လွှတ်တော် ကနေ ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်းက အတည်ပြု ပေးလိုက်တဲ့ ဥပဒေအရ လယ်လုပ်ပိုင်ခွင့် ရပြီးရင် ကြေးတိုင်နဲ့ မြေစာရင်းကို သွားပြီး မှတ်ပုံတင်ခွင့် ရှိမှာဖြစ်ပြီး မှတ်ပုံတင်ခွင့် ရသွားပြီဆိုရင် အဲဒီလယ်ယာမြေကို လွှဲပြောင်းပိုင်ခွင့်၊ ဘဏ်မှာ ပေါင်နှံပြီး လယ်ယာအတွက် လိုအပ်တဲ့ ချေးငွေ ထုတ်ယူခွင့် ရှိမှာ ဖြစ်ကြောင်း လွှတ်တော်အမတ်တဦး က RFA ကို ပြောပါတယ်။ ဒီအကြောင်း ကိုနေရိန်ကျော် စုစည်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00