ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းက လယ်ယာမြေ သိမ်းဆည်းခံရတဲ့ တောင်သူတွေဟာ ၂၀ ခန့်ဟာ ဒီကနေ့ နေ့လည်ပိုင်းက သူတို့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် ရွှေဂုံတိုင်က အဖွဲ့ချုပ်မှာ လာရောက်တွေ့ဆုံတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူတို့ရဲ့တင်ပြချက်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့ကို စိစစ်ဆောင်ရွက်ပေးဖို့ ညွှန်ကြားခဲ့တယ်လို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။
" လယ်ယာမြေတွေအသိမ်းခံထားရတဲ့ ကိစ္စကို အမေစုကို ကျနော်တို့ တိုင်ပါတယ်၊ ဥပမာ လယ်သိမ်းလို့ လယ်မဲ့၊ယာမဲ့ဖြစ်တယ်၊ လုပ်ကိုင်စရာမရှိဘူး၊နောက်ပြီးတော့ အောက်မှာလုပ်နေတဲ့ ကိုင်တွယ်တဲ့လူတွေက မတရားတွေ ဒါတွေ ပြောပါတယ်၊အမေစုက ဥပဒေအရ ဘယ်လိုရှိသလဲဆိုတာ ကျနော်တို့လည်း ဥပဒေအဖွဲ့ကို တာဝန်ပေးပါတယ၊် ကျနော ်အခုနကမှရမှတာ အဲ့ဒါဆက်ဖြစ်ပြီးမှ ဘာလုပ်ရမလဲ စဉ်းစားတာ"
လယ်သမားတွေက သူတို့လက်ရှိရင်ဆိုင်နေရတာတွေနဲ့ပတ်သက်ပြီး အမှုပေါင်း ၁၄မှု တင်ပြခဲ့ကြ တယ်လို့ သိရပါတယ်။ အဖွဲ့ချုပ် ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့က တင်ပြချက်တွေအားလုံးကို မကြာခင်စိစစ်ဆောင် ရွက်သွားမယ်လို့လဲ သိရပါတယ်။