သိမ်းထားတဲ့ လယ်မြေတွေ ပြန်ရရေး လယ်သမားများ စုပေါင်းဆန္ဒပြ


2013.07.09
farmers-protest-305.jpg သိမ်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လယ်သမားများ စုပေါင်းဆန္ဒပြနေစဉ်
photo: RFA/ Kyaw Lwin Oo

စစ်တပ်၊ အိုးအိမ်ဦးစီးဌာနနဲ့ အစိုးရဌာနဆိုင်ရာတွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့က လယ်သမား ၁၅ဝ လောက်ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။

သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေမှာ တက္ကသိုလ်ကျောင်းတွေ၊ ကားလမ်းတွေနဲ့ စက်မှုဇုန်တွေ ဆောက်လုပ်ဖို့ဆိုပြီး စစ်တပ်၊ အိုးအိမ်ဦးစီးဌာနနဲ့ အစိုးရဌာနဆိုင်ရာတွေက အကြောင်းအမျိုးမျိုးပြ သိမ်းယူထားခဲ့တာတွေပါတယ်လို့ ဆိုပါတယ်။

ဒီလယ်မြေတွေရဲ့အရေးကို လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဦးတင်ထွဋ်ကလည်း မြန်မာတစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ အသိမ်းဆည်းခံ လယ်ယာမြေ ပြသနာတွေ ဖြေရှင်းရာမှာ အစိုးရဌာနဆိုင်ရာတွေအပါအဝင် သက်ဆိုင်ရာတွေက ဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းနေကြောင်းနဲ့ ကော်မရှင်က တင်ပြထားတဲ့ အစီရင်ခံစာတွေကို ဆွေးနွေးပေးဖို့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။

အဲဒီ စုပေါင်းဆန္ဒပြကြတာနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။