လယ်သမားနစ်နာမှု စုံစမ်းရေးကော်မရှင်ဖွဲ့မည်

လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် နစ်နာရတဲ့ လယ်သမားတွေ အရေးကို တရားမျှတစွာ ဖြေရှင်း ဆောင်ရွက် ပေးနိုင်ရန်အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
2012-07-26
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
thura-shwe-mann-072612-b305
လယ်ယာမြေ သိမ်းဆည်းခံရသည့် လယ်သမားအရေး ဖြေရှင်း ဆောင်ရွက်နိုင်ရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်းရေး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဆွေးနွေးနေစဉ်။
RFA

ဇလွန် မဲဆန္ဒနယ်က ဦးတင်ထွဋ် တင်သွင်းတဲ့ "လယ်ယာမြေ သိမ်းဆည်းခံရခြင်းအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူ လယ်သမားများအား နစ်နာမှု မရှိစေရေး တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ပေးရန်" အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၀င်ရောက် ဆွေးနွေးပြီးနောက် ကော်မရှင်ဖွဲ့ရေးကို အတည်ပြု ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

"နောက်ဆုံး အပြီးသတ်ကို ဦးရွှေမန်း ဆွေးနွေးပါတယ်။ သူကဆွေးနွေးပြီးတော့မှ ပြည်ထောင်စုဝန်ကြီးက ပြန်ရှင်းပြီးတော့မှ ကျွန်တော်တို့က ဒီကိစ္စကို မဲခွဲတဲ့ အဆင့်ရောက်သွားပါတယ်။ အဲတာ ပြည်သူ့လွှတ်တော်က အဲဒီကိစ္စကို ဆုံးဖြတ်ပေးလိုက်ပါတယ်။ ကော်မရှင်ဖွဲ့မှာပါ။ ကော်မရှင်ရဲ့တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေကတော့ ကော်မရှင်ဖွဲ့ပြီးတော့မှပဲ သူတို့လွှတ်တော်ကို တင်မှာပါ"

ဒီကော်မရှင်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရ အဖွဲ့ဝင်တွေနဲ့ ပညာရှင်တွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကော်မရှင်က ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လယ်သမားတွေ အရေးကို ဆွေးနွေး ဖြေရှင်းမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက  ဦးတင်ထွဋ် တင်သွင်းတဲ့  ဒီအဆိုကို ၀င်ရောက်ဆွေးနွေးသူ ကိုယ်စားလှယ်ပေါင်း ၄၆ ဦး ရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးလည်း ပါဝင် ဆွေးနွေးကြောင်း သိရပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Very Very Good for our Farmers, I totally agree that decision from hluttaw. But must be fair.

Jul 27, 2012 12:45 AM