လယ်မြေပြန်ရရေး ဧရာဝတီတိုင်း ၅ မြို့နယ် လယ်သမားတွေ ဆန္ဒပြ

0:00 / 0:00

ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်၊ ငပုတော၊ သာပေါင်း၊ လပွတ္တာနဲ့ ကန်ကြီးထောင့် မြို့နယ် ၅ ခုက လယ်သမား အယာက် ၃ဝဝ ကျော်ဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ ပြန်လည် လုပ်ကိုင်ခွင့်ရဖို့အတွက် ပုသိမ်မြို့နယ် ကန်သုံးဆင့်ကွင်းကနေ စကားဝါလမ်းအတိုင်း တရုတ်ကျောင်း NLD ရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။

လမ်းလျှောက် ဆန္ဒပြစဉ်မှာ လယ်သမားတွေက အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့၊ ဆုံးရှုံးနေတဲ့ လယ်သမား အခွင့်အရေးတွေရရှိဖို့စတဲ့ အချက်တွေကို ကြွေးကြော်တောင်းဆိုပါတယ်။

ဧရာဝတီတိုင်း ဒေသကြီးမှာ အစိုးရ၊ ကုမ္ပဏီ၊ လုပ်ငန်းရှင်တွေက အကြောင်းအမျိုးမျိုးပြပြီး သိမ်းထားတဲ့ လယ်ယာမြေတွေမှာ ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့နဲ့ အစိုးရက လယ်ယာမြေ ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ အခုလို ကျေးရွာတွေစုပေါင်းပြီး ဆန္ဒပြတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။