လယ်သမားတွေကို တရားစွဲမှု ကျန်လယ်သမားများ ဆန္ဒပြ


2014.07.21

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်မှာ သကြားစက်ရုံနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ဆောက်ဖို့အတွက် သိမ်းထားတဲ့လယ်ယာမြေတွေကို ပြန်ပေးဖို့နဲ့ ဝင်ရောက်ထွန်ယက်တဲ့ လယ်သမားတွေကို တရားစွဲထားတဲ့အတွက် ရာနဲ့ချီ များပြားတဲ့လယ်သမားတွေက ရေတာရှည်မြို့နယ် ညောင်ပင်သာရွာမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒီ ဆန္ဒပြပွဲမှာ ပါဝင်သူ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့နဲ့ တရားစွဲခံထားရတဲ့ ဒေသခံလယ်သမား ဦးမြဝင်းက  အခုလိုပြောပါတယ်။

"ကျနော်တို့ အခုလိုလုပ်ရတယ်ဆိုတာဟာလည်း ကျနော်တို့ ဦးသိန်စိန်ရဲ့ သမ္မတမိန့်ခွန်းရဲ့ အကြောင်းပြုပြီးမှ ဒီလယ်တွေကို ကျနော်တို့က ဝင်ပြီးဆင်းထွန်တယ်၊ ဆင်းထွန်တော့ သူတို့က ၄၄၇ နဲ့တရားစွဲတယ်၊ ကျနော် တို့က ကျနော်တို့လယ်ယာမြေ ပြန်ရရှိရေးရယ် ၄၄၇ ကိစ္စတွေရယ် ဒါတွေဟာ မတော်မတရားကိစ္စတွေပါ"

လယ်သမားတွေဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့၊ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့တာကြောင့် အကျိုးဖျက်ဆီးမှု၊ ပိုင်နက်ကျူးလွန်မှုတွေနဲ့ လယ်သမား ၆၀ လောက်ကို တရားစွဲ ထားတာတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်က အမှတ် ၆ သကြားစက်ရုံနဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ဆောက်ဖို့ အတွက် ရေတာရှည် မြို့နယ်က လယ်ယာမြေဧက ၄ထောင်နီးပါးကို စစ်တပ်နဲ့ စက်မှုဝန်ကြီးဌာနက သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။

လယ်သမားအရေး ကူညီဆောင်ရွက်သူ ရေတာရှည်မြို့နယ် အမျိုးသား င်္ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးချစ်ထွေးကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။