လယ်သမားအခွင့်အရေး ဥပဒေ မကြာမီ ပြဌာန်းမည်

0:00 / 0:00

တောင်သူတွေရဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ အတွက် အစိုးရဘက်က အတိုးနှုန်း သက်သက်သာသာ နဲ့ နှစ်ရှည်ချေးပေးနိုင်ဖို့ ဥပဒေပြဌာန်း ဆောင်ရွက် သွားမယ့်အပြင် တခြားအကာအကွယ်ပေးနိုင်မယ့် ဥပဒေပြဌာန်းနိုင်ဖို့အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဒီကနေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ လွတ်လပ်စွာစိုက်ပျိုးပိုင်ခွင့်၊ လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချနိုင်ခွင့် စတဲ့အခွင့်အရေးတွေအပြင် တခြားဥပဒေ အရ ပြဌာန်းသင့်တဲ့အချက်တွေကို ဆွေးနွေး ကြကြောင်း အစည်းအဝေး တက်ရောက်ခဲ့ တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက RFA ကို ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ရေးရာကော်မတီဝင်တွေနဲ့ တောင်သူလယ်သမားအသင်း အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဝင်းအောင် စတဲ့ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးပွဲအကြောင်း ဒေါက်တာစိုးထွန်းကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားပါတယ်။