လယ်သမား အခွင့်အရေး စာတမ်းဖတ်ပွဲ

ရန်ကုန်မြို့က ဥပဒေပညာရှင်တွေ ဦးစီးပြီး လယ်သမား အခွင့်အရေး ဥပဒေတွေနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲကို ဒီကနေ့ နေ့လယ်က ရန်ကုန်မြို့က တော်ဝင်နှင်းဆီခြံမှာ ကျင်းပခဲ့ကြပါတယ်။

2012.02.10
farmer_buffalos_305_z လယ်သမားတဦး ကွဲျတရှဉ်းဖြင့် လယ်ထွန်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒူးဝါးခွန်မန်းနိုင် ဥပဒေ ပညာရှင်များ ဆိုတဲ့အဖွဲ့က ဦးစီးကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ တောင်သူလယ်သမား တွေရဲ့ အခွင့်အရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ နိုင်ငံတကာ သဘောတူစာချုုပ် အမှတ် ၁၆၉ ပါ တိုင်းရင်းသား လူမျိုးစု နဲ့ ပြည်သူများဆိုင်ရာ ဥပဒေကို နိုင်ငံတော်သမ္မတ က လက်မှတ်ထိုးရေးနဲ့ ဒီဥပဒေနဲ့ ညီညွတ်တဲ့ ပြဌာန်းချက်တွေ ပြည်တွင်းမှာပေါ်ပေါက် လာရေးကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လွှတ်တော်မှာ အတည်ပြု ပြဌာန်းလိုက်တဲ့ မြေယာဥပဒေမူကြမ်းမှာ တောင်သူ လယ်သမားတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို အခိုင်အမာ ပြဌာန်းတဲ့ ဥပဒေတွေ မပါရှိတဲ့အတွက် ဒီကနေ့ ဆွေးနွေးပွဲကို ကျင်းပရတာ ဖြစ်ကြောင်း အဖွဲ့ရဲ့နာယက တရားလွှတ်တော် ရှေ့နေကြီး ဦးသန်းထွန်းအောင် (မြို့မ) ကပြောပါတယ်။

ဒီကနေ့ ပွဲမှာ ဒူးဝါးခွန်မန်းနိုင် ဥပဒေပညာရှင်များ အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဥပဒေ အတိုင်ပင်ခံ ဦးဖိုးဖြူက မြေယာဥပဒေ နဲ့ မြေလွတ်မြေရိုင်း ဥပဒေတွေ အပေါ်မှာ ဥပဒေ ရေးရာအနေနဲ့ရော ပကတိဖြစ်ရပ်နဲ့ပါ သုံးသပ် ဆွေးနွေးပြီး ဥပဒေအရ ပြဌာန်းသင့် ပြဌာန်းထိုက်တာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လယ်ယာမြေနဲ့ ပတ်သက်ပြီး လိုက်ပါ ဆောင်ရွက်ပေးတဲ့ အတွေ့အကြုံတွေကို အထက်တန်း ရှေ့နေကြီး ဦးအောင်သူရိန်ထွန်းက ဆွေးနွေးခဲ့ပြီး ၊ လယ်ယာဥပဒေ သမိုင်းကြောင်းကို ရှေ့နေ ဦးအောင်ဘိုဘိုညွန့်က ဆွေးနွေးခဲ့သလို NLD ဥပဒေအဖွဲ့က တရားလွှတ်တော် ရှေ့နေကြီး ဦးလှမျိုးမြင့်ကလည်း စားကျက်မြေဆိုင်ရာ စာတမ်းကို ဖတ်ကြား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ ၊ အနယ်နယ်အရပ်ရပ်က တောင်သူလယ်သမားတွေ နဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး နဲ့ မနီလာသိန်းတို့ အပါအဝင် စုစုပေါင်း ၅၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-11 15:53

ဟုတ်ကဲ့ခင်ဗျ.. ကျွန်တော်တို့ တောင်သူလယ်သမားလက်လုပ်လက်စားသမားတွေအနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော်တို့အတွက် လယ်ယာမြေဟာသိပ်လိုအပ်ပါတယ်ခင်ဗျာ.ကျွန်တော်တို့ည်ြတောင်သူလယ်သမားတွေဟာ လယ်ယာရှိမှ ထမင်းတနပ်ကို အနက်မှန်မှန်စားနိုင်မှာပါခင်ဗျာ ..တိုရှင်းလိုရင်ပဲပြောပါရစေခင်ဗျာ .ဥပဒေမယ့်ပြုကျင့်နေတဲ့အခြေနေမှာ လယ်ယာမြေကာကွယ်ရေး ဥပဒေ တစ်ရက်ထွက်ပေါ်လာရေးကိုမျော်လင့်...ပါတယ်ခင်ဗျာ..