ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဉာဏစိုးက အခုလို ပြောပါတယ်။
"သမ္မတကြီး အခုပြန်ပို့တဲ့ ပြင်ဆင်ချက်တွေဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအတွက် သင့်တော်တဲ့ အချက်တွေဆိုရင် ကျွန်တော်တို့ လွှတ်တော်ကလည်း ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။ အခုက လွှတ်တော် ကျင်းပနေတဲ့အချိန် မဟုတ်သေးတဲ့ အခါကျတော့ ကျင်းပတဲ့ အောက်တိုဘာ ဒုတိယပတ်လောက်ကျမှပဲ ဘယ်အချက်တွေဆိုတာ ကျွန်တော်တို့ သိရှိရမှာပါ"
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ၂ ပတ်လောက်က လွှတ်တော်က အတည်ပြုပြီး သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုပေးဖို့ ပေးပို့ခဲ့ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကလည်း အခုမူကြမ်းဟာ ပြင်ဆင်ဖို့ လိုအပ်ချက်တွေရှိသေးတယ်လို့လည်း ထောက်ပြတယ်လို့ အေပီသတင်းက ဆိုပါတယ်။