ဒီနိုင်ငံတွေထဲမှာ ဘော့စ်ဝါနာ၊ ကိတ် ဘာဒီ နဲ့ မော်လ်ဒိုက် ၃ နိုင်ငံကသာ အဆင်းရဲဆုံး နိုင်ငံစာရင်းက ရုန်းထွက်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံး ၄၈ နိုင်ငံမှာ အာရှမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ အာဖဂန်နစ္စတန် အပါအဝင် ၁၄ နိုင်ငံပါ ဝင်ပြီး ကျန်တဲ့ နိုင်ငံအများစုက အာဖရိကတိုက်က ဖြစ်ပါတယ်။ ဒီစာရင်းမှာ အနောက်နိုင်ငံတွေထဲက နိုင်ငံရေး မတည်ငြိမ်တဲ့ ဟေတီနိုင်ငံ တနိုင်ငံပဲ ပါဝင်ပါတယ်။
အချမ်းသာဆုံး နိုင်ငံတွေအနေနဲ့ ဒီနိုင်ငံတွေ ဆင်းရဲခြင်းက လွတ်အောင် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ အထွက်နှုန်းတိုးရေး၊ ကျောင်းနေအရွယ် ကလေးသူငယ်တွေ ပညာသင်ခွင့်ရရေးစတဲ့ အဓိကကျတဲ့ ကဏ္ဍတွေမှာ သင့်လျော်တဲ့ အကူအညီပေးသင့်တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာလည်း ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က အဆင်းရဲဆုံးနိုင်ငံတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာတစောင် ထွက်ပေါ်လာပါတယ်။
ဒီအစီရင်ခံစာမှာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အလုပ်အကိုင် ရရှိမှုနှုန်း တိုးတက်မှု အနည်းငယ်သာ ရှိပေမဲ့ ပြည်တွင်း ထုတ်ကုန်တန်ဖိုး နိမ့်ကျလျက် ရှိကြောင်း၊ အလုပ်သမားအများစုဟာ ရပိုင်ခွင့် ကန့်သတ်ခံရတဲ့ အခြေအနေမှာ ရောက်နေတဲ့အတွက် ဆင်းရဲတွင်းက မရုန်းနိုင်ပဲ ရှိနေကြောင်း ဖော်ပြထားပါတယ်။
