၂ဝ၁၈ ကမ္ဘာ့ဖလားဘောလုံး ခြေစစ်ပွဲတွေမှာ မြန်မာအသင်း ပါဝင် ယှဉ်ပြိုင် ခွင့်ပြု

2011-11-07

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရဲ့ အသနားခံစာနဲ့ ပတ်သက်လို့ တချို့ကို လက်ခံလိုက်ပြီး မြန်မာ အသင်းကို ခြေစစ်ပွဲတွေမှာ ပြန်လည် ယှဉ်ပြိုင်ခွင့် ပြုလိုက်ကြောင်း FIFA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AFP

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဂျိုးဇက်ဖ် ဘလတ်တာ (အလယ်) နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် (၀ဲအစွန်) ကို ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်က မန္တလေးမြို့တွင် ပြုလုပ်သော မြန်မာဘောလုံးအသင်း သင်တန်းကျောင်းဖွင့်ပွဲတွင် တွေ့ရစဉ်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အပေါ် ချမှတ်ထားတဲ့ ဒဏ်ငွေကိုတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ပြုလုပ်တဲ့ မြန်မာနဲ့ အိုမန် ခြေစစ်ပွဲမှာ မြန်မာအသင်း ရှုံးနိမ့်နေတာကို မကျေနပ်တဲ့ ပရိသတ်က ကွင်းထဲကို ဖိနပ်တွေ ခဲတွေ ရေပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ အတွက် ပွဲပျက်သွားခဲ့ရ ပါတယ်။

အဲဒီနောက် စည်းကမ်းမဲ့ အားပေးမှုနဲ့ ၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာအသင်း ပါဝင် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီး ဒဏ်ငွေ အဖြစ် ဆွစ်စ်ဖရန့် ၂ သောင်းခွဲ ပေးဆောင်ဖို့လည်း FIFA က ချမှတ်ခဲ့ ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်