လယ်ဧက တစ်သောင်းကျော် ပျက်စီးဆုံးရှုံးရမှုကြောင့် ၂၀၁၂ စက်တင်ဘာလ ၁၁ ရက်နေ့မှာ လယ်သမားတွေက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ငါးလုပ်ငန်းဦးစီးဌာနကို တိုင်ကြားခဲ့တဲ့အတွက် သက်ဆိုင်ရာက ရေနှုတ်မြောင်းကို ပိတ်ထားတဲ့ မြေအိတ်တွေ၊ မျောတိုင်တွေ ဖယ်ရှားပေးဖို့ ညွှန်ကြားခဲ့ပေမယ့် အင်းလုပ်ငန်းရှင်တစ်စုက လိုက်နာခဲ့ခြင်း မရှိဘူးလို့ အဲဒီလယ်သမားက ပြောပါတယ်။
အဲဒါကြောင့် စက်တင်ဘာ ၁၄ ရက်နေ့က လယ်သမား ၂၈၀ စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတ အပါအဝင် သက်ဆိုင်ရာ အဆင့်ဆင့်ကို တိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက လစ်လျူရှုနေမယ်ဆိုရင် ရေကြီးနစ်မြုပ်နေတဲ့ ရွာတွေက လယ်သမားတွေ စုပေါင်းပြီး ကလိုင်အင်းရှေ့မှာ စုပေါင်းဆန္ဒ ထုတ်ဖော်သွားမှာ ဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။