ပြည်ပကတင်သွင်းတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို စစ်ဆေးဖို့အတွက် မြန်မာနဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယနယ်စပ်တွေမှာ ရုံးတွေဖွင့်လှစ်လိုက်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန်နဲ့ ဆေးဝါးကွပ်ကဲရေး FDA က ပြောပါတယ်။
FDA ရုံးတွေကို မူဆယ်၊ မြဝတီနဲ့ တမူးမြို့တွေမှာ ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောပါတယ်။
တင်သွင်းလာတဲ့ စားသောက်ကုန်တွေနဲ့ ဆေးဝါးတွေရဲ့ အရည်အသွေးကို စစ်ဆေးပြီး ကျန်းမာရေးဆိုင်ရာ ခွင့်ပြုချက်ထုတ်ပေးမှာဖြစ်ပါတယ်။
အလားတူ ပြည်တွင်းဈေးကွက်ထဲက စားသောက်ကုန်တွေနဲ့ ဆေးဝါးတွေရဲ့အရည်အသွေးစစ်ဆေးဖို့အတွက်လည်း လူအင်အားစုဆောင်းနေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးဌာနတွေအားလုံးမှာ ရုံးတွေဖွင့်နိုင်အောင် စီစဉ်နေကြောင်းပြောပါတယ်။